ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ နတ်ထမင်းကျေးရွာမှာ ပြည်သူတွေကို စစ်မှုထမ်းကြေး အတင်းကောက်ခံနတဲ့ ရာအိမ်မှူးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) က ထုတ်ပြန်ပါတယ်။ 

မနေ့က မတ်လ ၈ရက် နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ အဆိုပါ နတ်ထမင်းကျေးရွာရဲ့ ရာအိမ်မှူးဖြစ်သူ အငယ်လေး (ခေါ်) သက်နိုင်စိုးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) ၊ တပ်ခွဲ (၂) နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး သူ့ရဲ့ နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ 

“သူက အရမ်းဆိုးနေလို့ ရှင်းရတာ။ နတ်ထမင်းရွာက မရှိနွမ်းပါးသူတွေဆီက အတင်းအကြပ် စစ်မှုထမ်းကြေးတွေ ကောက်နေတာ အများစုက တစ်နေ့လုပ် တစ်နေ့စားတွေဆိုတော့ သူတောင်းတဲ့ငွေ မပေးနိုင်ကြဘူး။ ငွေမပေးလို့ဆိုပြီး စခတွေခေါ် ပေါ်တာဆွဲလို့ ရွာကလူတွေလည်း ပြေးရလွှားရနဲ့ အလုပ်မလုပ်ရတော့ ထမင်းတောင် ငတ်တဲ့အထိဖြစ်နေကြတယ်။ အငယ်လေးကို မရှင်းရင် ပြည်သူတွေ ထမင်းငတ်ကုန်တော့မယ့် အခြေအနေမို့ စခတွေ အထပ်ထပ်ကို ကျော်ပြီး မိုးညိုမြို့နယ်အစပ်နားထိ သွားရှင်းခဲ့ရတာပါ” လို့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

အဆိုပါ နတ်ထမင်းကျေးရွာဟာ မင်းလှမြို့နယ်အပိုင်ထဲမှာ ရှိပေမယ့် မိုးညိုမြို့နယ်အစပ်နားမှာ တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။ 

ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုးဟာ စစ်မှုထမ်းကြေးဟုဆိုကာ မရှိနွမ်းပါးတဲ့ ပြည်သူတွေထံမှ ငွေကြေးတွေ အတင်းအကြပ် ကောက်ခံနေပြီး ကောက်ခံငွေ မပေးနိုင်သူတွေကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာတွေ​၊ စစ်တပ်ထံ မမှန်သတင်းပေးကာ ပြည်သူတွေကို ဖမ်းဆီးခိုင်းတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပစ်ခတ်ရှင်းလင်းခံရသည့် နတ်ထမင်းကျေးရွာ ရာအိမ်မှူး အငယ်လေး (ခေါ်) သက်နိုင်စိုး (ဓာတ်ပုံ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃))

0 Shares:
You May Also Like
Read More

ငှက်သားပေါက်ရာသီအတွင်း ငှက်ပစ်အမဲလိုက်တာတွေမလုပ်ဖို့ မင်းတပ် ပအဖ သတိပေး

ရှားပါးငှက်မျိုးစိတ်တွေရဲ့ သားပေါက်ရာသီ ဖြစ်တာကြောင့် မင်းတပ်မြို့နယ်အတွင်း ငှက်ပစ်အမဲလိုက်တာတွေ ၂ လကြာ ပိတ်ပင်တားမြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို မိုင်းခွဲဖို့လုပ်ရင်း အသက် ၂၀ အရွယ် ရဲဘော် မောင်မောင်ခန့် မိုင်း Error ဖြစ်ပြီး ကျဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ အမှတ် (၁) စစ်ဒေသကြီး၊ ခရိုင် ပကဖတပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ယောက် အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းဖောက်ခွဲဖို့ ပြင်ဆင်ရင်း မိုင်း Error ဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်တွင်းကြီးတွင် စစ်ကော်မရှင်တပ်က နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး၊ ဒေသခံများ ထွက်‌ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က နေအိမ်တချို့ကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ‌နယ်ခံတွေဆီက သိရပါတယ်။
Read More

လောင်းရှည်မှာ စစ်တပ်နဲ့ PDF တွေ ၂ရက်တာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ ယောက် သေပြီး၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။
Read More

ဟင်္သာတထောင်မှာ ထောင်ဝန်ထမ်းက အရက်မူးပြီး နိုင်ကျဉ်းတစ်ယောက်ကို အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်

ဧရာဝတီတိုင်း၊ ဟင်္သာတအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁ယောက်ကို အကျဥ်းထောင်ဝန်ထမ်းက အရက်သေစာသောက်စားပြီး အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်တဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
Read More

တန့်ဆည်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၊ ဗိုလ်အပါ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်အပါအဝင် ၈ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။