စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာအတွင်း နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP – Myanmar) က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အပါအဝင် တပ်ရင်းဌာနချုပ် ရာနှင့်ချီ သိမ်းပိုက်ခံထားရတာ ဖြစ်ပါတယ်။

အများစုဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဆုံးရှုံးခဲ့တာဖြစ်ပြီးတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အဓိကထိန်းချုပ်ထားတာဖြစ်ပါတယ်။

တပ်ရင်းဌာနချုပ်တွေ သိမ်းပိုက်ရရှိမှုထဲမှာ ရှမ်းမြောက်၊ ရခိုင်နဲ့ ကချင်ဒေသတွေမှာ အများဆုံးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ခုခံစွမ်းအားလုံး၀ မရှိတော့တာကို ပြသရာရောက်တယ်လို့ စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အမိန့်ပေးကွပ်ကဲမှုဌာနချုပ်တွေ၊ ခြေမြန်တပ်ရင်းတွေ၊ လက်ရုံးအကူတပ်ရင်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို အဓိက စိုးမိုးထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

သိမ်းပိုက်ခံရတဲ့တပ်စခန်းတွေထဲမှာ စစ်တိုင်းဌာနချုပ် ၂ ခု၊ အမိန့်ပေးကွပ်ကဲမှု ဌာနချုပ်ပေါင်း ၁၂ ခုထက်မနည်း၊ ခြေလျင်တပ်ရင်း ၃၇ ခုထက်မနည်းနဲ့ ခြေမြန်တပ်ရင်း ၅၄ ခုထက်မနည်း ပါဝင်ကြောင်း ISP – Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်း ၇ ခုထက်မနည်း၊ လက်ရုံးတပ်ရင်း ၃၉ ခုထက်မနည်း နဲ့ လက်ရုံးအကူတပ်ရင်း ၂၅ ခုထက်မနည်းကိုလည်း တော်လှန်ရေးအင်အားစုတွေ က သိမ်းပိုက်ထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။

ISP Myanmar ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းအချို့ကို AA က လက်နက်ကြီးတွေနဲ့ ပတ်ခတ်

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

ရခိုင်ပြည်သူများ အေးချမ်းပျော်ရွှင်ပါစေ ဟု မြောက်ဦးဆေးရုံကို ဗုံးကြဲပြီး ၅ ရက်အကြာတွင် မင်းအောင်လှိုင် ပြော

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားတွေ အစဥ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ဖို့ ဆုတောင်းပေးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူပေါင်း ၃ ဒါဇင်ခန့် သေဆုံးစေခဲ့တဲ့ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပြီး ၅ ရက်အကြာမှာ ပြောဆိုလိုက်ပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ထံမှ ခဲယမ်းများစွာ သိမ်းဆည်းရရှိ၊ “ပစ္စည်းကမှာထားတာကြာပြီ၊ အခုမှလာပို့တာ၊ လက်ခံရရှိကြောင်း ငါ လက်မှတ်ထိုးပေးလိုက်မယ်နော်၊ တပ်မ (၂၂) တပ်မမှူးကို”

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီးက တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ထံကနေ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းကို ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့ဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ရဲဖြစ်သူရဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ထည့်ဖို့ပြောကြားခြင်းဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသည်ဟု စစ်ကောင်စီ တုံ့ပြန်

မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖြစ်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ပြန်ထည့်ဖို့  အိန္ဒိယ အထက်လွှတ်တော်မှာ တောင်းဆိုခဲ့မှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
Read More

အလင်းဝင်ဖို့ ချိတ်ဆက်လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ သွားရောက်ကယ်ထုတ်

ကရင်နီပြည်၊ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ အလင်းဝင်ဖို့ ချိတ်ဆက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ အတူ ပူးပေါင်းပြီး သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - SSLRU က ထုတ်ပြန်ထားပါတယ်။