တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့က အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လ ၇ ရက် နေ့လယ်ပိုင်းမှာ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ စစ်ကောင်စီတပ်ဂိတ်စခန်းကို အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာတော့ ရေဖြူမြို့အဝင် တံတားထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း ဦးဆောင်မှုနဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန် တိုးမြှင့် လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့လည်း စစ်ရေး အသိ၊ သတိ အထူးရှိဖို့ ဒူရကစစ်ကြောင်းက တိုက်တွန်းအသိပေးထားပြီး အလင်းဝင်ချင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အမြန်ဆုံး အလင်းဝင်ဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင် အဓမ္မ တပ်သားသစ်စုဆောင်းမှု ခန့်မှန်းထားသည်ထက် ပိုမိုရရှိနေ၊ ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူ အနည်းငယ်သာရှိဟု ဆို

အာဏာသိမ်း အကြမ်းဖက်စစ်တပ်က တရားမဝင် စစ်မှုထမ်းဥပ‌ဒေ ပြဌာန်းပြီးတဲ့နောက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းရရှိနေမှုဟာ ခန့်မှန်းထားတာထက် ပိုမိုများပြားနေပြီး ပြန်လည်ထွက်ပြေးလွတ်မြောက်လာတဲ့ အရေအတွက်က အနည်းငယ်သာရှိတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပါတယ်။
Read More

လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ KNDF အသိပေးထုတ်ပြန်

ကရင်နီပြည်နယ် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို မြေပြင်စစ်ရေးအခြေအနေအရ သြဂုတ်လ(၁၀)ရက်‌နေ့ကစပြီး အသုံးပြုသွားခြင်းများ မပြုလုပ်ကြဖို့ ပြည်သူများကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်၊ စကခ ၂၁ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တောင်သာမှာ ဇဂျမ်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်အုပ်စုတွေ ထိခိုက်ခဲ့သလို စခန်းမှူးလည်း ပျောက်ဆုံးနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဇဂျမ်းတိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်အုပ်စုတွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို စခန်းမှူးဖြစ်သူလည်း ပျောက်ဆုံးနေကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ထုတ်ပြန်၊ ဟန်ပြရွေးကောက်ပွဲတွင် ပူးပေါင်းသူများကို စစ်ရာဇဝတ်မှု ကိုယ်တိုင်ကျူးလွန်သူများအဖြစ် ပြည်သူများ သတ်မှတ်မည်ဟု သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ စစ်တပ်၏ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က မနေ့က ထုတ်ပြန်ပါတယ်။