တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာမှ ချောင်းနှစ်ပေါက်ကျေးရွာဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်နဲ့ ကာကင်းယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို မတ်လ ၈ ရက် မနေ့က မနက်ပိုင်းမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်လို့  မြိတ်ခရိုင်တပ်ရင်း ၂ ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ယာဉ်ဟာ လမ်းဘေးထိုးကျသွားပြီး တိုက်ပွဲ ၂၅ မိနစ်ကြာဖြစ်ပွားခဲ့ကာ စစ်သား ၃ ယောက်သေခဲ့သလို အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း တော်လှန်ရေးရဲဘော် ၂ ယောက်လည်း (မစိုးရတဲ့) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမရပူရမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်တဲ့အတွက် လူ ၂ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း အမရပူရမြို့နယ် ကျောက်စိမ်းဘုရားအနီးရှိ ကောင်းကောင်းနန်းတော်စားဥယျာဉ်လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်ခဲ့တဲ့အတွက် မီးလောင်မှုဖြစ်ပွားပြီး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရသည့် စစ်သား ၇ ယောက် ဆားလင်းကြီးပအဖထံ အလင်းဝင် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရတဲ့ စစ်သား ၇ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ် MRTV အသံလွှင့်တာဝါတိုင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာအရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်) တပ်စခန်းကို ဖေဖော်ဝါရီ ၂၆ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် - ၁ တပ်ရင်းထံက သိရပါတယ်။
Read More

တရားမျှတမှုအတွက် ကမ္ဘာကြီးသို့သတင်းစကား

ဇူလိုင်လ ၁၇ ရက်နေ့ဟာ The World Day for International Justice Day (အပြည်ပြည်ဆိုင်ရာတရားမျှတမှုနေ့) ဖြစ်ပါတယ်။ စစ်အာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုကြောင့် ပုံစံမျိုးစုံနဲ့ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ကလေးငယ်တွေနဲ့ အရပ်သားတွေအတွက် တရားမျှတမှုပြန်ရနိုင်ဖို့ တောင်းဆိုသံတွေကို ကမ္ဘာကြီးက ကြားနိုင်ပါရဲ့လား။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် နိုဝင်ဘာ ၂၈ ရက် မနေ့က အရာတော်ရွှေဂျိုးဖြူအဖွဲ့မှ လှူဒါန်းတဲ့ စားနပ်ရိက္ခာတွေကို Shwebo Crocodile အဖွဲ့က သွားရောက်သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပလရဲစခန်းကုန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချမှု မိုင်းကွင်းအတွင်း ပေါက်ကွဲပြီး ရဲစခန်းပတ်လည်မီးလောင် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ပလမြို့ရဲစခန်းကုန်းကို ဇန်နဝါရီ ၁၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့  ပုလောပကဖဒရုန်းတပ်ဖွဲ့ (Shadow Squad) က ထုတ်ပြန်ထားပါတယ်။