အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တဲ့ အပေါ် ကြိုဆိုကြောင်း Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ အဖွဲ့ဝင် ဦးဘရွှေနဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးအောင်ကျော်ဟိုး၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်မှူးချုပ်လူမွန်၊ ဦးအောင်ကျော်ထွန်း၊ ဦးအောင်မြိုင်၊ ဗိုလ်ချုပ်ကိုလေး၊ ဒေါ်သန်းသန်းလင်း၊ ဦးမင်းထွဋ်၊ ဦးထင်ကျော်သူ စတဲ့ လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာစစ်တပ်နဲ့ အမှတ် ၃၃ ခြေလျင်တပ်ရင်း တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ ကနေဒါအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၇ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၎င်းတို့ဟာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အပံ့ပေးနေတဲ့ သူတွေဖြစ်လို့ ပိတ်ဆို့ အရေးယူလိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ကနေဒါ အစိုးရရဲ့ ထုတ်ပြန်မှုအပေါ်  စစ်အုပ်စု၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မြန်မာနိုင်ငံအတွင်း အမြစ်တွယ်နေသည့် အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ မတည်ငြိမ်မှုနှင့် ပိုမိုဆိုးရွားလာသည့် အကျပ်အတည်းများအား တုန့်ပြန်ဆောင်ရွက်လိုက်ခြင်း” ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

ကနေဒါနိုင်ငံဟာ စစ်အုပ်စုက ထိန်းချုပ်ထားတဲ့  ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်အုပ်စုရဲ့ အဓိက လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားချမှတ်ခဲ့တာဖြစ်ပါတယ်။ 

ကနေဒါရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုက ဒဏ်ခတ်ပိတ်ဆို့သည့်အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက် ရှိသူများကိုလည်း သက်ရောက်တယ်လို့ ဆိုပါတယ်။ ဆိုလိုရင်းကတော့  မြန်မာစစ်အုပ်စုအပေါ် အခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ   မိုဘိုင်းအော်ပရေတာ များနဲ့ ထိတွေ့လုပ်ဆောင်ရတဲ့ အချက်ပြဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၊ ရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနှင့် သတင်းစာများကို ကြီးကြပ်လုပ်ကိုင်ရတဲ့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး အစရှိသော အဖွဲ့အစည်းများအပေါ်လည်း သက်ရောက်ခဲ့ပါတယ်။ 

ကနေဒါနိုင်ငံဟာ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်အား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ပါတယ်။ အဆိုပါ တပ်မဟာ  ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအား ကျူးလွန်ခဲ့သူတွေဖြစ်ပါတယ်။ ။ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း  ၂၀၂၁ ခုနှစ် ဖြိုခွင်းမှုများတွင်လည်း ယင်းတပ်မကို အသုံးပြုခဲ့ပြီး၊ ငြိမ်းချမ်းစွာဆန္ဒပြသူများအား သတ်ဖြတ်ခဲ့သူတွေလည်း ဖြစ်ပါတယ်။ 

တပ်မ ၃၃ ဟာ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင်လည်း ရှယ်ယာရှင်တစ်ဦး ဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အဖွဲ့ဝင်များ၊ စစ်အုပ်စုဝန်ကြီးများနှင့် ဒုဝန်ကြီးများ အဓိကပါဝင်ခဲ့ပါတယ်။

ကနေဒါနိုင်ငံမှ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်လိုက်သည့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ (နစက) အဖွဲ့ဝင်များ၊ စစ်အုပ်စုဝန်ကြီးများနှင့် ဒုဝန်ကြီးများ အဓိကပါဝင်ခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့သူတွေထဲမှာ  စစ်အုပ်စုရဲ့  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးကံဇော် ပါဝင်ခဲ့ပါတယ်။ ကံဇော်ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်တွင် လိုက်ပါသွားသူဖြစ်ပြီး၊ စစ်အုပ်စု၏ ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ဘဏ္ဍာငွေထောက်ပံမည့် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်လုပ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ 

ကံဇော်က ထားဝယ်မြို့တွင် တည်ဆောက်ရန် ဆိပ်ကမ်းတစ်ခု၊ ကျောက်မီးသွေးသုံး စွမ်းအင်စက်ရုံတစ်ခုနှင့် ရေနံချက်စက်ရုံတစ်ခုတို့အတွက် ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးနှင့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သူလည်း ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ စစ်အုပ်စု၏ သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုဝန်ကြီးသုံးဦးကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်။ ။ ၎င်းတို့ဟာလည်း စစ်အုပ်စုအတွက် အီလက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းရေး၊ ဆင်ဆာဖြတ်တောက်ရေးနှင့် အင်တာနက်ဖြတ်တောက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ဆောင်ရွက်နေကြသူတွေ ဖြစ်ပါတယ်။ 

နောက်တစ်ဦးဖြစ်တဲ့  မင်းအောင်လှိုင်၏ နိုင်ငံတော်လုံခြုံရေးအကြံပေးနှင့် ယခင်ရေတပ်ခေါင်းဆောင်ဖြစ်သူ မိုးအောင်ဟာ ကနေဒါနိုင်ငံကပင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသူ မြန်မာစစ်တပ်ခရိုနီ နေအောင်၏ ညီ ဖြစ်ပါတယ်။ 

မိုးအောင်နှင့် နေအောင်တို့ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့  အောင်သောင်း၏ သားများဖြစ်သည်။ အောင်သောင်းသည် ယခင်စစ်အစိုးရလက်ထက်တွင် ဝန်ကြီးဟောင်း တစ်ဦးဖြစ်ပြီး၊ ၎င်းအား “အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် အကျင့်ပျက်ခြစားမှုများ ကျူးလွန်သည့်အတွက်” အမေရိကန်ပြည်ထောင်စုက ၂၀၁၄ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသူဖြစ်ပါတယ်။

ကနေဒါနိုင်ငံရဲ့  ဒဏ်ခတ်ပိတ်ဆို့မှုကြေညာချက်တွင် “မိမိတို့အနေဖြင့် အလားတူ အရေးယူ ဆောင်ရွက်မှုများချမှတ်ရန် နိုင်ငံအားလုံးကို ဆက်လက်တိုက်တွန်းအပ်ပါသည်။ 

နိုင်ငံတကာအသိုင်းအဝန်း အနေဖြင့် မြန်မာစစ်အစိုးရအား လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာပံ့ပိုးမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုအားလုံးကို ရပ်ဆိုင်းရန်၊ စစ်အစိုးရနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များထံ စစ်လက်နက်၊ စက်ပစ္စည်း၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများနှင့် နည်းပညာအကူအညီများ လွှဲပြောင်းရောင်းချမှုများကို ရပ်ဆိုင်းရန် တောင်းဆိုပါသည်” ဟု ဖော်ပြခဲ့ပါတယ်.

“အခု ကနေဒါဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်အုပ်စုကို ခိုင်မာတဲ့သတင်းစကားပါးလိုက်တာဖြစ်ပေမယ့်လည်း စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ရပ်တန့်ဖို့အတွက် လုပ်ဆောင်စရာအများကြီး လိုအပ်နေပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို မြန်မာကိုယ်စားပြုအဖြစ် စစ်ကောင်စီ တက်ရောက်ခွင့် ဆက်လက်ရပ်ဆိုင်းထား

အာဆီယံအပါအ၀င် နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဆောင်ရွက်ခြင်း မရှိတာကြောင့် စစ်ကောင်စီကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပြုဦးမှာ မဟုတ်ဘူးလို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ဒီပဲယင်း စာသင်ကျောင်း တိုက်ခိုက်ခံရမှုအပါ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အချက်အလက်များ IIMM တောင်းခံ 

ကျောင်းသားကျောင်းသူ ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား IIMM က တောင်းခံထားပါတယ်။ 
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲမှ  ရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိ၊ အကျိုးအမြတ်အားလုံး ပြန်လည် လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရံပုံငွေ ကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့ရာ အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Read More

ကိုးကန့်သူဌေး မြီမိသားစုဝင်များအပါအဝင် ၁၁ ဦးကို တရုတ်တရားရုံး သေဒဏ် အမိန့်ချ၊ အခြား ၅ ဦးကို ၂ နှစ်ဆိုင်းငံ့ သေဒဏ် ချမှတ်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် ဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မြီမိသားစုတွေအပါအဝင် ဂိုဏ်းသား ၁၁ ယောက်ကို တရုတ်က သေဒဏ် ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက သတင်းဖော်ပြထားပါတယ်။