ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ သပြေညွန့်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁၀ ယောက်ကျော် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU က ထုတ်ပြန်ပါတယ်။

မတ်လ ၇ ရက် နေ့လယ်ပိုင်းကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်စစ်ကောင်စီရဲ့ သပြေညွန့် စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ မတ်လ ၈ ရက်မှာ သိမ်းပိုက်ရရှိခဲ့ပြီး စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် စခန်းစွန့်ခွာထွက်ပြေးသွားပြီး အဆိုပါစစ်ကောင်စီတပ်စခန်းကို အလုံးစုံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

KNLA နဲ့ PDF ပူးပေါင်းတပ်တွေက သပြေညွန့်စခန်းက စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

Southern Eagle PDF က ရဲဘော်တွေရဲ့ သီတင်းကျွတ်ကာလ ဖြတ်သန်းမှု ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရဲဘော်တွေ သီတင်းကျွတ်အခါသမယကို ဆင်နွှဲနေတဲ့ မြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

၂၀၂၅ အတွင်း စစ်ကော်မရှင်တပ်မှ အလင်းဝင်သူနှင့် စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၀၀၀ ကျော် ရှိလာ

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု စက်တင်ဘာလ ပထမပတ်အထိ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ကနေ အလင်းဝင်လာသူတွေနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစု မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနဲ့ မိသားစု မတရားသတ်ဖြတ်ခံရမှု နှစ်လပြည့်အဖြစ် အမှုမှန်ပေါက်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

ချင်းဒေသ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်ပြီဟု PDF Zoland ထုတ်ပြန်

ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland - People's Defence Force) အနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီနဲ့ ကာလရှည်ကြာတိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ချင်းဒေသရဲ့ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၆ ယောက်ထက်မနည်း သေ

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၆) ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ (၄) တပ်ခွဲဲမှူးက မောင်းကို ပြောပါတယ်။