ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ နတ်ထမင်းကျေးရွာမှာ ပြည်သူတွေကို စစ်မှုထမ်းကြေး အတင်းကောက်ခံနတဲ့ ရာအိမ်မှူးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) က ထုတ်ပြန်ပါတယ်။ 

မနေ့က မတ်လ ၈ရက် နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ အဆိုပါ နတ်ထမင်းကျေးရွာရဲ့ ရာအိမ်မှူးဖြစ်သူ အငယ်လေး (ခေါ်) သက်နိုင်စိုးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) ၊ တပ်ခွဲ (၂) နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး သူ့ရဲ့ နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ 

“သူက အရမ်းဆိုးနေလို့ ရှင်းရတာ။ နတ်ထမင်းရွာက မရှိနွမ်းပါးသူတွေဆီက အတင်းအကြပ် စစ်မှုထမ်းကြေးတွေ ကောက်နေတာ အများစုက တစ်နေ့လုပ် တစ်နေ့စားတွေဆိုတော့ သူတောင်းတဲ့ငွေ မပေးနိုင်ကြဘူး။ ငွေမပေးလို့ဆိုပြီး စခတွေခေါ် ပေါ်တာဆွဲလို့ ရွာကလူတွေလည်း ပြေးရလွှားရနဲ့ အလုပ်မလုပ်ရတော့ ထမင်းတောင် ငတ်တဲ့အထိဖြစ်နေကြတယ်။ အငယ်လေးကို မရှင်းရင် ပြည်သူတွေ ထမင်းငတ်ကုန်တော့မယ့် အခြေအနေမို့ စခတွေ အထပ်ထပ်ကို ကျော်ပြီး မိုးညိုမြို့နယ်အစပ်နားထိ သွားရှင်းခဲ့ရတာပါ” လို့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

အဆိုပါ နတ်ထမင်းကျေးရွာဟာ မင်းလှမြို့နယ်အပိုင်ထဲမှာ ရှိပေမယ့် မိုးညိုမြို့နယ်အစပ်နားမှာ တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။ 

ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုးဟာ စစ်မှုထမ်းကြေးဟုဆိုကာ မရှိနွမ်းပါးတဲ့ ပြည်သူတွေထံမှ ငွေကြေးတွေ အတင်းအကြပ် ကောက်ခံနေပြီး ကောက်ခံငွေ မပေးနိုင်သူတွေကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာတွေ​၊ စစ်တပ်ထံ မမှန်သတင်းပေးကာ ပြည်သူတွေကို ဖမ်းဆီးခိုင်းတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပစ်ခတ်ရှင်းလင်းခံရသည့် နတ်ထမင်းကျေးရွာ ရာအိမ်မှူး အငယ်လေး (ခေါ်) သက်နိုင်စိုး (ဓာတ်ပုံ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃))

0 Shares:
You May Also Like
Read More

ညောင်ဦး၊ ပုဂံမြို့သစ်မှာ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီး ရက်ပိုင်းပဲခြားကာ စစ်တပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပိတ်ရက်တွေအတွင်း ပြည်သူတွေ ခရီးသွားလာ သတိပြုကြဖို့ လိုအပ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ ရက်ပိုင်းပဲခြားပြီး အုပ်ချုပ်ရေးမှူး တစ်ယောက်နဲ့ စစ်တပ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရပါတယ်။
Read More

လက်ရုံးတပ်များ တဖြည်းဖြည်း ပြုတ်ကျလာနေသည့် စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တိုက်ပွဲများ နီးကပ်နေသည့် ကျောက်ဖြူ၊ စစ်တွေမှာ တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပမည်၊ လာရောက်ဖြေဆိုသူများကို ဆိုလာမီးအိမ်ပေးမည် ဟု စစ်ကောင်စီ စည်ရုံး

ရခိုင်ပြည်နယ်မှာ ဒေသတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်တော့မှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။
Read More

နတခ က စစ်ဦးစီးအဆင့်နဲ့ တပ်ရင်းမှူးအဆင့် အပါအဝင် စစ်တပ်အရာရှိ ၅ယောက်ကို တပ်သားအင်အား လိမ်လည်ဖော်ပြမှု၊ စက်သုံးဆီ မှောင်ခိုမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေ

ဧရာဝတီတိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ အရာရှိ ၅ယောက်ကို တပ်သားအင်အား လိမ်လည်ဖော်ပြမှု၊ စက်သုံးဆီ မှောင်ခိုလုပ်ကိုင်မှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း ပကဖ ရဲဘော် ၁ ထောင်ကျော် ကျဆုံးခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်ကာလမှာ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော် ၁၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဒီနေ့မှာ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ်တွင် စစ်အုပ်စု ဆိုးဆိုးရွားရွား ပေါ်တာဆွဲဖမ်းဆီးနေ၊ စစ်ရှောင်ဘုန်းကြီးကျောင်းကိုလည်း သေနတ်ဖောက် ဝင်ရောက်ကာ ကျောင်းထိုင်ဆရာတော်ကို ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေသလို စစ်ဘေးရှောင်ဘုန်းကြီးကျောင်းတစ်ခုကိုလည်း သေနတ်ပစ်ဖောက် စီးနင်းခဲ့တယ်လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။