ထိုင်းနိုင်ငံကို အ‌ကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက တောင်ကိုရီးယားလွှတ်တော်အမတ် ဂန်အီးလီနဲ့ မတ်လ ၅ ရက်မှာ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်မှာ ပူးပေါင်းကျင်းပခဲ့တဲ့ “မဲဆောက်ရှိ မြန်မာဒုက္ခသည်များအတွက် အခွင့်အရေးနှင့် စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ပေးရေး ကိုရီးယား-ထိုင်း-မြန်မာ ကမ္ဘာလုံးဆိုင်ရာ ဖိုရမ်” အပေါ် အားသာချက်၊ အားနည်းချက်တွေကို ဆွေးနွေးသုံးသပ်ခဲ့ပြီး ဆက်လက်လုပ်ဆောင်သင့်တာတွေကို တက်ရောက်လာသူတွေက အကြံပြုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် CRPH ရဲ့ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီနဲ့ တာဝန်ရှိသူတွေက ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေ၊ ထိုင်းနိုင်ငံအတွင်း အထောက်အထားရရှိနိုင်ရေးနဲ ရပ်တည်နေထိုင်ရေးအခက်အခဲတွေ၊ ထိုင်းနိုင်ငံက ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ စစ်ကောင်စီဆီ အပ်နှံနေတာနဲ့ အကြမ်းဖက်စစ်အုပ်စုက အဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရခြင်း၊ ထိုင်းနိုင်ငံရောက် မြန်မာမျိုးဆက်သစ်လူငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဆွေးနွေးဖလှယ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် တောင်ကိုရီးယား၊ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကလည်း ကူညီပံ့ပိုးပေးမှု အားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မိခင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်နှင့်ပြီးဖြစ်မှာကို စိုးရိမ်ကြောင်း ကိုထိန်လင်း ပြော

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ကျန်းမာရေးမကောင်းသူ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းအချက်အလက်နဲ့ အဆက်အသွယ်တွေ မရတော့တဲ့အတွက် ကွယ်လွန်သွားတာမျိုးဖြစ်မှာကို စိုးရိမ်မိတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ရိုက်တာသတင်းဌာနကို ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာ့အရေးဖြေရှင်းရာတွင် မလေးရှား လုပ်သွားသည့်အတိုင်း ဆက်လုပ်သွားမည်ဟု ဖိလစ်ပိုင် ပြော

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လာမယ့် အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာ့အရေးကို ကိုင်တွယ်တဲ့နေရာမှာ မလေးရှား  လုပ်သွားတာတွေကို ဆက်လက် လုပ်ဆောင်ဖို့ ဦးစားပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ထရေဆာ လာဇာရိုက နိုဝင်ဘာ ၁၇ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ အွန်လိုင်းကနေ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျ  ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့ဟာ ဧပြီလ ၁၈ ရက် ဒီနေ့ မနက်ပိုင်းမှာ Teleconference ကတဆင့် တွေ့ဆုံခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
Read More

မြောက်ဦးဆေးရုံ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး စစ်တပ်က လူသားချင်းစာနာမှုအပေါ် အလေးမထားကြောင်း ပြသခြင်းဟု APHR ပြောကြား

မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်ပြီး စစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် ပြော

လာအိုမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေအတွင်း မြန်မာ့အရေးပြဿနာဟာ ခေါင်းစဉ်ကြီးတရပ်ဖြစ်ခဲ့တဲ့အလျှောက် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးဖွင့်ပွဲနေ့မှာ တောင်းဆိုခဲ့ပါတယ်။
Read More

တရုတ်နည်းတူ ရုရှားလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမယ်လို့ ဆိုပြန်

တရုတ်နိုင်ငံလိုပဲ ရုရှားကလည်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ထည့်သွင်းဖော်ပြလာပါတယ်။