အမျိုးသမီးတွေကို ရာဇဝတ်မှုကျူးလွန်တာဟာ တော်လှန်ရေးကာလအတွင်း တရားဥပဒေလမ်းကြောင်းအရ တရားစွဲဆို အပြစ်ပေးဖို့ စိန်ခေါ်မှုများစွာ ရှိနေပေမယ့် နည်းလမ်းပေါင်းစုံနဲ့ တရားမျှတမှုကို ရှာဖွေသွားမယ်လို့ မတ်လ ၈ ရက် ဒီနေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုူသမီးများနေ့”မှာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်း (၂၅) ဖွဲ့က ပူးတွဲ သဘောထား ထုတ်ပြန်ထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်မှာ ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကျူးလွန်မှုတွေဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်တာတွေဟာလည်း သည်းခံခွင့်လွတ်လို့ မရတဲ့ လူအခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ ဆိုထားပါတယ်။
အကြမ်းဖက်ခံရမှုကို ထုတ်ဖော်ပြောဆိုသူတွေနဲ့ လိုက်ပါ ကူညီဆောင်ရွက်ပေးသူတွေကို ပစ်မှတ်မှတ်ထား ခြိမ်းခြောက်နေမှုတွေကို ရပ်တန့်ပေးဖို့နဲ့ အမျိုးသမီးတွေအနေနဲ့ တော်လှန်ရေးကာလအတွင်းမှာ တရားဥပဒေ လမ်းကြောင်းအရ တရားစွဲဆိုအပြစ်ပေးဖို့ စိန်ခေါ်မှုများစွာရှိနေပေမယ့် နည်းလမ်းပေါင်းစုံနဲ့ တရားမျှတမှုကို ရှာဖွေသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာ တရားစီရင်ရေးစနစ်အသီးသီးနဲ့ တရားဥပဒေလမ်းကြောင်းအရ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်မရှိစေဖို့ကိုလည်း အစဉ်မပြတ်စောင့်ကြည့် တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားနှောက်ယှက်မှုနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်သူတွေကို လူမှုရေးပြစ်ဒဏ်ပေးတဲ့အနေနဲ့ အတူတွဲ အလုပ်လုပ်ခြင်း၊ ဟောပြောပွဲတွေမှာ ဖိတ်ကြားခြင်း၊ နေရာပေးခြင်း၊ ဆက်သွယ်ဆက်ဆံခြင်းနဲ့ အသိအမှတ်ပြုခြင်းတွေ မပြုလုပ်ကြဖို့လည်း အလေးအနက် တိုက်တွန်းထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်မှု ကျူးလွန်သူတွေကို ချွင်းချက်မရှိ လူမှုရေး ပြစ်ဒဏ်ပေးပြီး အမျိုးသမီးတွေအတွက် တရားမျှတမှု ရှာဖွေရာမှာ ပူးပေါင်းပါဝင်ပေးဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ – KNDF အမျိုးသမီးရဲဘော်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

တောင်ငူမြို့နယ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်မှု အထိအခိုက်များနိုင်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ တပခ ဝန်းထဲ ထိခိုက်မှုတွေများနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၅) ကို စစ်ရေးချုပ်ခူးရီးဒူ လာရောက်တွေ့ဆုံ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၅) ကို KNDF တပ်ဖွဲ့ရဲ့ စစ်ရေးချုပ် ခူးရီးဒူ လာရောက်တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်တွင် မိုင်းကွင်းထဲရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၁၅ယောက်သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အင်အား ၅၀ နီးပါးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ယောက် သေဆုံးကာ အများအပြား ထိခိုက်သွားကြောင်းသိရပါတယ်။
Read More

ကျားဖြန့်မြို့တော်ဟု လူသိများသည့် KK Park ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း စစ်အုပ်စုကြေညာ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ လက်ခတ်တောင်ဘုရားကုန်းနဲ့ လေးကေ့ကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက သူ့ရဲ့ ဝါဒဖြန့်မီဒီယာမှာ သတင်းထုတ်လာပါတယ်။
Read More

နောင်ချိုရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်းက ရှဲဆန်သတ္တုကုမ္ပဏီကို ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

ဘုတ်ပြင်းမှ ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ တပ်ရင်းမှူး ဒဏ်ရာပြင်းထန်ပြီး တပ်ကြပ် ၁ ဦး သေကာ ဒဏ်ရာရသူ ၁၉ ဦး ရှိဟု ဆို

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့က ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ရာ တပ်ရင်းမှူး ပြင်းထန်ဒဏ်ရာရပြီး တပ်ကြပ် ၁ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၉ ယောက် ရှိတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၃ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။