မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။

ထွန်းသာရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူ‌စောထီးတွေကို ဒရုန်းနဲ့ ၂ စီးနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှုရှိခဲ့ပြီး မြေပြင်အခြေအနေ အရ အတိအကျမသိရသေးဘူးလို့ 925 ပြောက်ကျားအဖွဲ့က ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို 925ပြောက်ကျားအဖွဲ့(ငါန်းဇွန်)၊ ငါန်းဇွန်မြို့နယ် ပကဖ၊ ဧရာမြွေပြွေးပြောက်ကျားအဖွဲ့၊ Fight For FreeDom ဒုန်းအဖွဲ့နဲ့ ဇေယျာရွှေမြေအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သာစည်အကျဉ်းထောင်နှင့် ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနောက်ဘက်ရှိ သာစည်အကျဉ်းထောင်နဲ့ ရဲစခန်းကို တိုက်ခိုက်ရာ ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူခရိုင် ဖြူးလမ်းမကြီးဘေးရှိ ကျေးရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲနှင့် စစ်သား ၈ သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေးရှိ ဝဲဒေါင့်ရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး ရဲနဲ့ စစ်သား ၈ ယောက်ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်မြို့နယ် လုံးခင်းကျောက်ဝိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူအများအပြား ဝရုန်းသုန်းကားထွက်ပြေးရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူအများ အပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့ရသူရဲ့ မိသားစုဝင် ပြောပြတဲ့ ကြေကွဲဝမ်းနည်းဖွယ်မှတ်တမ်း (ရုပ်/သံ)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က လားရှိုးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ယောက်ဖြစ်သူ ကိုရဲဝင်းနိုင် (ခ) အကြီးကောင် (၄၀)နှစ် ဆုံးပါးသွားခဲ့ပါတယ်။ သူ့မိသားစုရဲ့ ကြေကွဲဝမ်းနည်းဖွယ်မှတ်တမ်းကို MNDAA က ဖော်ပြလာပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ဖမ်းဆီးခြင်းမှ လွတ်မြောက်လာသည့် ရဲဘော် မိုးညို (ခ) နက်ရှိုင်း “ရောင်နီပြမည် ချောက်မြို့ဆီ” ကမ်ပိန်းတွင် ပါဝင်ပေးကြရန် မေတ္တာရပ်ခံ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကနေ ပြန်လည်လွတ်မြောက်လာတဲ့ ရဲဘော် မိုးညို (ခ) နက်ရှိုင်းက ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြုလုပ်ထားတဲ့ "ရောင်နီပြမည် ချောက်မြို့ဆီ" ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Read More

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ -နွားထိုးကြီးလမ်းပိုင်း မြင်ကွင်း (ရုပ်/သံ)

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ- နွားထိုးကြီးလမ်းပိုင်းရဲ့ ငလျင်ပြတ်ရွေ့ကြောအခြေအနေကို အခုလိုပဲ မြင်တွေ့ရပါတယ်။