ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ဝဲကြီးဆည်ဘောင်ကနေ သိမ်ကုန်းတာဝါတိုင်စခန်းကို အင်အားဖြည့်ဖို့ စစ်ကူထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး စစ်လက်နက် ပစ္စည်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့၊ မနက် ၇နာရီခွဲအချိန်မှာ သိမ်ကုန်းရွာအနီးက ပိန်းသိုက်စမ်း နေရာအရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁) တပ်ရင်း၊ (၃၆၀၂) တပ်ရင်း ရဲဘော်တွေက Sniper ၊ လက်နက်ငယ်၊ (၄၀)မမ တို့နဲ့ ပိတ်ဆို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“သူတို့က ဆည်ဘောင်ကနေ မနက်အစောကြီးကတည်းက ထွက်လာတာ… ကျနော်တို့က ပိန်းသိုက်စမ်းနေရာကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲက မနက် ၇ နာရီလောက်ကတည်းကနေ တိုက်လိုက် ခဏရပ်လိုက်နဲ့ ညနေ ၅ နာရီလောက်မှ တိုက်ပွဲက ပြီးသွားတာပါ” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ Shadow က မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ယောက် မျက်မြင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့သလို စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ခုခံခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက် အန္တရာယ်မရှိဘဲ ညနေ (၅) နာရီဝန်းကျင်အချိန်မှာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ သေဆုံးအလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းထံသို့ ပုခတ်တွေနဲ့ ထမ်းသယ်သွားပြီး မေလ ၁၈ ရက်နေ့မှာတော့ သေဆုံးအလောင်းတွေကို အမိန့်ပြန်ကာ သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် စစ်လက်နက်အချို့
0 Shares:
You May Also Like
Read More

အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်စခန်းတွေကို ကျွေးမွေးလှူဒါန်းမှု (ဓာတ်ပုံသတင်း)

အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဟာ ဆားလင်းကြီးမြို့နယ်က ရက်ရှည်စစ်ရှောင်စခန်း နေရာ ၃ ခုကို ၃၇၅ နပ်မြောက် လှူဒါန်းမှုအနေနဲ့ မွေးနေ့ရှင်၊ အလှူရှင်တွေကိုယ်စား ကျွေးမွေးလှူဒါန်းမှု ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ဇွဲကပင်တောင် တောမီးလောင်ကျွမ်းမှု ဟိုတယ်ဇုန်နှင့် နီးကပ်လာ 

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြဝတီတစ်မြို့လုံး စက်သုံးဆီဆိုင်တွေ ပိတ်ချထား

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိကျေးရွာတွေမှာ သြဂုတ်လ ၁၄ ရက် မနက်ပိုင်းကစလို့ စက်သုံးဆီဆိုင်တွေ အကြောင်းပြချက်မရှိဘဲ ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ရေဦး PDF အတွက် လိုအပ်နေတဲ့ ကျည်ကာ၀တ်စုံတွေ ထောက်ပံ့ပေးအပ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် - TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သုံးဆယ်မှာ ပေါ်တာဆွဲခံရသည့် လူငယ် ၃ ဦးကို သိန်း ၂၀၀ ဖြင့် ရွေးခဲ့ရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။