ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေတဲ့ ပကဖ တပ်ဖွဲ့ဝင်တွေအနေနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံတစ်ဝှမ်းက အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာနိုင်ပြီဖြစ်တယ်လို့ ပကဖအသံ က သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တပ်ဖွဲ့ဝင်တွေအနေနဲ့ အခုနှစ်အတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာရှိတဲ့ အကြမ်းစစ်တပ်ရဲ့ တပ်စခန်း၊ ဂိတ်စခန်းတွေအပါဝင် ပျုစောထီးရွာတွေကို ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်တာ၊ ပြောက်ကျားနည်းနဲ့ ကြားဖြတ်တိုက်ခိုက်တာတွေကို အရင်နှစ်တွေကထက် ပိုမိုလုပ်ဆောင်လာနိုင်ခဲ့ပြီး တိုက်ခိုက်ရေးစွမ်းရည် ပိုမိုမြင့်တက်လာတယ်လို့ ဆိုလိုက်တာပါ။
ဥပမာအဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လယ်ကိုင်းရွာကနေ ထွက်ခွာလာတဲ့ အင်အား‌ ၇၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ စစ်ကိုင်းမြို့နယ် ဆားတောင်မြို့က ထွက်ခွာလာတဲ့ အင်အား ၈၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းတို့ကို စစ်ကြောင်းပျက်တဲ့အထိ ပကဖနဲ့ PDF တပ်ရင်းတွေ၊ Local တပ်ဖွဲ့တွေက လေကြောင်း တိုက်ခိုက်မှုတွေကြားကနေ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၆ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ခတက္ကန်ရွာအရှေ့ဘက်မှာရှိတဲ့ MRTV အသံလွှင့်တာဝါတိုင် စခန်းကုန်ကို လေကြောင်းတိုက်ခိုက်မှုတွေကြားကနေပဲ မုံရွာခရိုင်တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖအဖွဲ့ဝင်တွေနဲ့ ဒေသတော်လှန်ရေးတပ်တွေက အောင်အောင်မြင်မြင်နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မတ်လ ၄ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်က ပကဖ တိုက်ခိုက်ရေး လက်ရုံးတပ်‌တွေဟာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ မုံရွာမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ သံပြားကားနှစ်စီးကို မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား (၁၇)ယောက်အထိ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
မတ်လ ၅ရက်နေ့မှာတော့ မကွေးတိုင်း ဆိပ်ဖြူ( ကပစ၂၂) ကနေ တက်လာတဲ့ စစ်တပ်လေထီး (၂) စင်းကို မြိုင်ပကဖနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပွိုင့်ဖိုက်စက်သေနတ်နဲ့ ပစ်ချခဲ့ရာ စက်တပ် လေထီးမောင်းနှင်တဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားဟာ အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ဗိုလ်မှူးရန်လင်းအောင်နဲ့ ဗိုလ်ကြီး အောင်ဇော်မင်းတို့ ဦးစီးတဲ့ တပ်မ(၉၉) လက်အောက်ခံ ခမရ (၁၄၊၁၅) နဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား ၅၀ကို ပြင်စည်ရွာနားမှာ နွားထိုးကြီးမြို့နယ် ပကဖ၊ တံတားဦးမြို့နယ် ပကဖ နဲ့ မြင်းခြံခရိုင်တပ်ရင်း ၄၊၁၀ တို့က အတူပူးပေါင်း ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ဗိုလ်ကြီးအောင်ဇော်မင်းအပါ စစ်ကောင်စီတပ်သား (၂၁) ယောက်သေဆုံးခဲ့ပြီး လက်နတ် (၃၉) လက်နဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“အခုလို တိုက်ခိုက်ရည်စွမ်းရည်တွေ မြင့်လာရတဲ့ အဓိကအကြောင်းကတော့ စစ်ရေးအတွေ့အကြုံတွေ များလာတာကြောင့်ပါပဲ။ ခေါင်းဆောင်ပိုင်းတွေကလည်း စစ်ရေးအတွေ့အကြုံ၊ ဗျူဟာပိုင်းမှာ အတွေ့အကြုံတွေကောင်းတွေ ရရှိထားတော့ မစ်ရှင်တွေလုပ်ရတာ ပိုပြီး လက်သံပြောင်လာတယ်လို့ ပြောရမှာပေါ့” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ မော်ကွီးလု (မယ်လ) တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်ကွီးလု (မယ်လ) တပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တညောင်တိုက်နယ်ရဲစခန်းကို စလင်းပကဖ သိမ်းပိုက်မီးရှို့၊  ရဲ ၈ ဦး သေပြီး  ၂ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒီနေ့ (ဇူလိုင် ၃၀) မနက်အစောပိုင်းမှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းမူမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး ၂ နှစ်အရွယ် ကလေးငယ်​ သေဆုံး၊ ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂ နှစ်သား ကလေးငယ် ၁ယောက် သေဆုံးပြီး အရပ်သား ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဇူလိုင်လမှ ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် အရပ်သား အမျိုးသမီး ၇၈ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံဝန်း ဇူလိုင်လကစလို့ ရက်ပေါင်း ၅၀ အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သား အမျိုးသမီး ၇၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမှာ စစ်ကောင်စီက ကျားခဲရွာသား ၄ ယောက်ကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ပြီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်…

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ​က ကျားခဲရွာကို ဝင်ရောက်စီးနင်းပြီး ရွာသား ၄ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ ဓားစာခံ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။
Read More

ပခုက္ကူက အနောက်ဘုန်းကန် ပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်တွေ ရော့ကတ်နဲ့ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာထဲ ရော့ကတ်ဗုံးသီးတွေနဲ့သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က မောင်းကိုပြောပါတယ်။