ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းထားပြီး ရှင်းလင်းဖို့ မိုင်းတွေ ကျန်ရှိနေဆဲဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲထားချိန်က တပ်စခန်းအနီးဝန်းကျင်အပြင် ပြည်သူတွေ နေထိုင်ရာ နေရာတွေမှာ မိုင်းမျိုးစုံ ထောင်ထားခဲ့ရာ လက်ရှိအချိန်မှာတော့ မိုင်းမျိုးစုံ စုစုပေါင်း ၂၀၀၀ ထက်မနည်း ရှင်းလင်းထားပြီး ဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
မင်းတပ်မြို့ အတွင်း ပြန်လည် ဝင်ရောက် နေထိုင်ကြမယ့် ပြည်သူတွေအနေနဲ့လည်း နေအိမ်၊ အဆောက်အအုံနဲ့ လမ်းဘေးပတ်ဝန်းကျင်တွေမှာ မသင်္ကာဖွယ်ရာ မိုင်း၊ ပေါက်ကွဲစေတတ်တဲ့အရာတွေ တွေ့ရှိရင် ထိတွေ့ ကိုင်တွယ်တာမလုပ်ဘဲ CDF – Mindat နဲ့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီ အလျင်အမြန် သတင်းပို့ဖို့ အသိပေး မေတ္တာရပ်ခံထားပါတယ်။
မင်းတပ်မြို့ကို နိုဝင်ဘာလ ၉ ရက်ကစလို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ရာ ဒီဇင်ဘာလ ၂၁ ရက်မှာတော့ မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဇန်နဝါရီ တစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ရေးပြင်းထန်ခဲ့၊ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများပါ ရရှိ 

၂၀၂၅ ခုနှစ် ဇန်နဝါရီတစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ပြင်ဦးလွင်ခရိုင် PDF ၅၁၂ တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ရဲဘော်များအတွက် ကျည်ကာဝတ်စုံများ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်စစ်ဌာန၊ အမှတ်(၅၁၂)တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ရဲဘော်တွေကို ကျည်ကာဦးထုပ်နဲ့ ကျည်ကာဝတ်စုံများ ထပ်မံတပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံမှတ်တမ်းများနဲ့တကွ ဒီကနေ့ ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

PNLA ဌာနချုပ် ဧရိယာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်က PNLA ဌာနချုပ် ဧရိယာနဲ့ နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်၊ စစ်အုပ်စု ၂၀ ဦးခန့် သေဆုံးပြီး ၁ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်က အယောက် ၂၀ ခန့် သေဆုံးပြီး ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မဟူရာ ရွှေဘိုသား တော်လှန်ရေးတပ်ဖွဲ့က NUG လက်အောက်ကို ဝင်ရောက်မယ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုအခြေစိုက် စစ်အာဏာရှင်တော်လှန်ရေးအင်အားစု တစ်ခုဖြစ်တဲ့ မဟူရာရွှေဘိုသားတော်လှန်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ထံ ပြောင်းလဲရပ်တည်တော့မယ်လို့ တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို PDF ရဲဘော်တွေ ကူညီချွေလေ့သိမ်းဆည်းပေးခဲ့

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ရဲဘော်တွေဟာ စိုးမိုးနယ်မြေအတွင်းက ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို ကူညီချွေလေ့သိမ်းဆည်းပေးခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။