ပြည်ပကနေ ပြန်ပို့ခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့အထဲ ပါဝင်ခဲ့သူ ၂ ယောက်က လာရောက်ခိုလှုံလာတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မြိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
မတ်လ ၆ ရက်က ထိုင်းနိုင်ငံ၊ ရနောင်မြို့မှာ အဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပြီးနောက် အပတ်စဥ် ၉ စစ်မှုထမ်းသင်တန်းအတွက် စစ်သားသစ် စုဆောင်းခံရသူ ၂ ယောက် မြိတ် ပကဖ ဆီ ခိုလှုံလာတယ်လို့ ဆိုပါတယ်။
အဆိုပါအလင်းဝင်လာသူ ၂ ယောက်ဟာ ထိုင်းနိုင်ငံ၊ ရနောင်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီး ရနောင်းမြို့မှာ အချုပ်ကျကာ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ ပြန်လည်အပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ကော့သောင်းမြို့ကနေ စစ်ကောင်စီရဲ့ ခလရ(၄၃၁) မှာ (၇)ရက်လောက် နေထိုင်ခဲ့ရပြီးနောက် မြိတ်မြို့ကို စက်လှေနဲ့ ထပ်မံပို့ဆောင်ခဲ့ပြီး ရွှေဒူးပညာရေးကျောင်းကို ပို့ဆောင်ခဲ့ရာ ၂ ရက်အကြာ မတ်လ ၃ ရက် ညသန်းခေါင်အချိန်မှာ ထွက်ပြေးလွှတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုအတူထွက်ပြေးသူ ၁၆ ယောက် ရှိပြီး ၄ ယောက်က မတ်လ ၄ ရက်မှာ စစ်ကောင်စီတပ် ပြန်လည်ဖမ်းမိခဲ့ပေမယ့် ၁၂ ယောက် လွတ်မြောက်သွားပြီး ၂ ယောက်က မြိတ် ပကဖ ကို ချိတ်ဆက်ခိုလှုံလာတာဖြစ်တယ်လို့ မြိတ် ပကဖ က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် ဖျက်သိမ်းလိုက်တဲ့ ကစထ (၆) ဆိုတာ ဘာလဲ

အကြမ်းဖက်စစ်တပ်ဟာ နေပြည်တော်ကို တာဝန်ယူရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့- ကစထ ၆ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းထဲက ပြည်သူ့အခြေပြုကျေင်းမှာ လေကြောင်းရန် ကာကွယ်ရေး ၊ GBV အသိပညာ‌ပေးခြင်းနဲ့ ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ လေကြောင်းရန် ကာကွယ်ရေးတွေ၊ Gender – Based Violence အသိပညာ‌ပေး ဟောပြောပွဲနဲ့ ဖဲကြိုးဖြူ ကမ်ပိန်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိူးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီ‌နေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ဂန့်ဂေါတွင် ရွာအတွင်းသို့ လမ်းမှားဝင်လာသည့် ဒေသခံအမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ် သတ်ဖြတ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့တောင်ဘက် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထိန်းချုပ်ထားတဲ့ ရှောက်ပင်ရွာထဲကို လမ်းမှားပြီး ဝင်ရောက်သွားသူ ဒေသခံအမျိုးသားတစ်ယောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုထဲ လိုက်ပါဆောင်ရွက်သူကို PDF Zoland ဖမ်းဆီးထိန်းသိမ်း…

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ခံမှုမှာ တက်ကြွစွာ ပါဝင်တဲ့ Kam Lian Thang ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ PDF-Zoland က ထုတ်ပြန်ထားပါတယ်။ PDF Zoland နဲ့ Chin…
Read More

နွားထိုးကြီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦး ထက်မနည်း သေဆုံး၊ စစ်မှုထမ်းတပ်သားသစ် ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ စစ်သုံ့ပန်းနှင့် လက်နက်တချို့ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကူလာတဲ့အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း Natogyi People Defence Force တာဝန်ရှိသူက ပြောပါတယ်။