ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်ကို မတ်လ ၈ ရက် ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း ဝေါမြို့နယ်အတွင်းရှိပြီး တိုက် ခိုက်ခံရမှုကြောင့် ထိခိုက်မှုပျက်စီးမှုကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဝေါမြို့အဝင်အထွက် စစစ်ဆေးရေးဂိတ်တွေကို အင်အားတိုးချပြီး စစ်ဆေးရေးတွေ တင်းကြပ် စွာ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) နဲ့ ကဝမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ပကဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

‌ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြားချထားပြီး တော်လှန်ရေးရဲဘော်တွေနဲ့ လက်နက်ခဲယမ်းတွေကို မကြာခဏဖမ်းဆီးလေ့ရှိတဲ့ ဂိတ်ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်တံခါးမြို့နယ် ရှေ့တန်းစစ်မြေပြင်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန် ကျဆုံးခဲ့သည့် ရဲဘော် ဝေကြီး စျာပန (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရတဲ့ ရဲဘော် ဝေကြီးရဲ့  နာရေးစျာပနကျင်းပပြုလုပ်ခဲ့တယ်လို့ Spring Warriors Column က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေ ထွက်မပြေးအောင် အပျော်အပါးများနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်း (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က အပျော်အပါးများနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်းလျက်ရှိတယ်လို့ သိရပါတယ်။
Read More

“သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”

"သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”
Read More

ရန်ကုန်-ပြည်လမ်း စစ်ကွင်းတာဆုံဂိတ်ကို စီးနင်းတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၈ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းပိုင်းမှာ တပ်အထိုင်ချပြီး ပြည်သူ တွေထံက ငွေညှစ်နေတဲ့ စစ်ကွင်းတာဆုံ စစ်ဆေး‌ရေးဂိတ်ကို မတ်လ ၂၀ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ထံက သိရပါတယ်။
Read More

ကရင်ပြည်နယ် ထော်မူပလယ်မဲစစ်စခန်းအား ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာ စစ်ဆင်ရေးနယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ ထောက်မူပလယ်မဲစစ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Rebel Bees-UAV Force က ထုတ်ပြန်ခဲ့ပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ လူထောင်ချီပူးပေါင်းပါဝင်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ပွဲ ပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေး လူထုလမ်းလျှောက်ချီတက်ပွဲပြုလုပ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ထံက သိရပါတယ်။