စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံတွေကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက် နေ့လည်ပိုင်းက စတင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲဟာ ၃ ရက်တာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ၂၃ ယောက်ခန့် သေဆုံးကာ တော်လှန်ရေးရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကင်မွန်းတော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည်နေရာယူထားပြီး တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နဲ့ ပူးတွဲတာဝန်ထမ်းဆောင်နေတဲ့ ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ မဟာမိတ်တပ်တွေဖြစ်တဲ့ ဗျူဟာ ၄၇ ၊ ကျောက်လုံးကြီး (KLG) ၊ ကျောင်းသားလက်ရုံးတပ်၊ B-21 တပ်ရင်း ၊ Mobile Team ၊ Budalin Guerrilla force ၊ မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ(၁) (ရွာဇော်ကြီးတပ်ခွဲ) ၊Kanni Three Brothers Force ၊ ရတနာပုံံ ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်မြို့နယ်) ၊ VENOM Revolution Force (VRF) ၊ မန္တလေးခရိုင် တပ်ရင်း (၅) ၊ မိတ္ထီလာခရိုင်တပ်ရင်း (၃) ၊ မတ္ထီလာ ပကဖ ၊ Special Force 11 ၊ Immortal Guerrilla Force ၊ Silingyi Task Force Drone Team (SSTF Drone Team) ၊ Sagaing District Drone Team (SDDT) ၊ကဆားလင်းကြီးမြို့နယ် ပကဖ လက်ရုံးတပ်၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦး BLDF ၊ မုံရွာခရိုင်တပ်ရင်း ၂၃၊ မုံရွာခရိုင်တပ်ရင်း ၂၅ သံမဏိ Force ၊ မုံရွာခရိုင်တပ်ရင်း ၂၈ ၊ မုံရွာခရိုင်တပ်ရင်း ၂၂ တို့ တိုက်ခိုက်ခဲ့ပြီး SRC (Spring Revolution Cilinic) က ဆေးဘက်ဆိုင်ရာ အကူအညီပေးခဲ့ပြီး ရင်းမြစ်လေကြောင်းအထိုင်ကနေ လေကြောင်းကင်းထောက်မှု ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီ နေ့စဉ် လေကြောင်းတိုက်ခိုက်နေရင်း ဟန်ပြအပစ်ရပ်မှုကို ဆက်လက်သက်တမ်းတိုး

ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ် ညွှန်မှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီးတစ်ယောက် အပါအဝင် စစ်ကောင်စီလက်အောက်ခံ ၆ ယောက် ဖမ်းဆီးရမိ

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီး အပါအဝင် စစ်ကောင်စီလက်အောက်ခံ စုစုပေါင်း ၆ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံ (တာကရယ်) မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

စစ်ရေးတွေ ပြင်းထန်နေတဲ့ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ စီသရီးတောင်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။