ရန်ကုန်- မော်လမြိုင်လမ်းမကြီး ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ မတ်လ ၆ ရက် နံနက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးကင်းပုန်းယာဉ်တန်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးဖြူးစစ်ကြောင်းထံက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ၃ ပွင့်ဗိုလ် ၁ ယောက်အပါ အဝင် ၄ ယောက်သေပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့ရကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို နဂါးဖြူးစစ်ကြောင်း PDFအဖွဲ့နဲ့ တပ်ရင်း ၇၈၀၅ တပ်ဖွဲ့ ၄ သပြေညိုစစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ် မြပုလဲစစ်ဆေးရေးဂိတ်ကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညနေပိုင်းက ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) အဖွဲ့ထံက သိရပါတယ်။
Read More

စစ်တပ်ယာဉ်တန်းကို လုံခြုံယူပေးသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာနမခသို့ လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လုံခြုံရေးယူထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်သေခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက် နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကူစစ်ကြောင်းအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ အထိနာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများခဲ့ပြီး အထိနာခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပျံလွှားစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်များ၏ စစ်ဆင်ရေးလေ့ကျင့်မှု (ရုပ်/သံ)

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု မှတ်တမ်း ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။