ပဲခူးခရိုင်၊ ဝေါမြို့နယ်က ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ X-Ray စက်တပ်ဆင်ထားတဲ့ စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဆီက သိရပါတယ်။
ပုံစာ – ရှော့တိုက်ဒုံးတွေ ပစ်ခတ်ဖို့ တော်လှန်ရေးရဲဘော်တွေ ပြင်ဆင်နေချိန်…
မတ်လ ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း၊ ညောင်ခါးရှည်လမ်းဆုံရှိ စစ်ကောင်စီ X-Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ ညောင်ခါးရှည် X-Ray ဂိတ် တိုက်ခိုက်ခံရမှုကြောင့် ဝေါမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပဲခူးခရိုင်ရဲမှူးကိုယ်တိုင် နယ်မြေဆင်းပြီး လုံခြုံရေးအရ တင်းကြပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ညောင်ခါးရှည်လမ်းဆုံက X-Ray စက်တပ်ဆင်ထားတဲ့ စစ်ဆေးရေးဂိတ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်တင်ယာဥ်တွေနဲ့ ခရီးသွားယာဥ်တွေကို တားဆီးစစ်ဆေးရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိတ်တစ်ခု ဖြစ်ပါတယ်။
အဆိုပါဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စက်တင်ဘာ ၃၀ရက်မှ နိုဝင်ဘာ ၁၆ရက်အတွင်း စစ်ရေးလှုပ်ရှားမှုများကို Earthquake People’s Defense Force ထုတ်ပြန် 

Earthquake People’s Defense Force က ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်အတွင်း စစ်ရေးလှုပ်ရှားမှု တိုက်ပွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 
Read More

တောင်သာမြို့နယ် သံဘိုရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ သံဘိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်ကာကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာအနီးတဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားစည်းရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းရှိ ကျေးရွာများအား မီးရှို့နေသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး လက်နက်များနှင့် မူးယစ်ဆေးများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦး ခန္တီးပကဖ ထံ အလင်းဝင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။