လက်ရှိ KIA နဲ့ TNLA ကြားဖြစ်ပွားနေတဲ့ ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထားရယူပြီး ဆုံးဖြတ်သွားမယ်လို့ KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားလာပါတယ်။
ဒေသတွင်းသတင်းများရဲ့အဆိုအရ ယမန်နေ့ မတ်လ ၇ ရက်နေ့ ညနေပိုင်းမှာ TNLA တပ်ဖွဲ့ဝင်တွေက ရှမ်းမြောင်ဒေသ၊ ကွတ်ခိုင်မြို့ရှိ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ဆက်ဆံရေးရုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး KIA တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးသွားတယ်လို့ ဖော်ပြခဲ့ပါတယ်။
TNLA တပ်ဖွဲ့ဝင်တွေက အယောက် ၂၀ ဝန်းကျင်လောက်ရှိတဲ့ KIA တပ်ဖွဲ့ဝင်အကုန်လုံးနီးပါးကို ဖမ်းဆီးသွားခဲ့ပြီး KIO ဆက်ဆံ‌ရေးရုံးနဲ့ ဘားတိုက်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းသွားတယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၂ ရက်ခန့်က ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စုမှာ ယန္တရားကြီးနဲ့ ရွှေတူးဖော်မှုကို ကန့်ကွက်ကြတဲ့ ရွာသားတွေကို MNDAA ကိုးကန့်တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့ ကျေးရွာသား ၆ ဦး သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ဖြစ်ပွားပြီး ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ TNLA နဲ့ KIA တို့အကြား နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဖက်တပ်သားများ အပြန်အလှန် ထိုးကြိတ်ခဲ့တဲ့အထိ ဖြစ်ပွားခဲ့သလို၊ ဖေဖော်ဝါရီလထဲမှာလည်း မန်တုံမြို့နယ်၊ မန်မောက်ရွာရှိ KIA တိုက်နယ်ရုံးကို TNLA တပ်ဖွဲ့ဝင်တွေက စီးနင်းမှုကြောင့် KIA တပ်သား ၁၁ ဦးဒဏ်ရာရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
KIA အနေနဲ့ ဆက်ဆံရေးရုံးတွေ ထားရှိချင်ရင် ၎င်းတို့ထံစာတင်ပြဖို့နဲ့ နေထိုင်တဲ့အခါမှာလည်း စစ်ဝတ်စုံ၊ စစ်အသုံးအဆောင်များ မဝတ်ဆင်ဘဲ၊ သာမန်အရပ်သားဝတ်စုံဖြင့်သာ နေထိုင်ဖို့ အကြောင်းကြားခဲ့ပေမယ့် လိုက်နာခြင်း မရှိတဲ့အတွက် အခုလို ဆက်သွယ်ရေးရုံကို ဖယ်ရှားဆောင်ရွက်တာခြင်းဖြစ်ကြောင်း TNLA တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းမြောက်နယ်မြေအရေးနဲ့ပတ်သက်လို့ TNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က မန်တုံမြို့ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ သွားရောက်ခဲ့တဲ့ လူထုတွေ့ဆုံပွဲခရီးစဥ်အတွင်း KIA နဲ့ TNLA ကြား ဆက်ဆံရေးတင်းမာမှု မကြီးထွားလာဖို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါသေးတယ်။
ဒီကနေ့ညနေပိုင်းမှာတော့ ဒီအရေးနဲ့ ပတ်သက်ပြီး KIA ဗိုလ်ချုပ်ဂွမ်မော်က“ရှမ်းမြောက်လူထုနဲ့ ဒီကြားထဲ အစည်းဝေးလုပ်မယ်။ လူထုရဲ့ သဘောထားရယူပြီးရင်တော့ ဆုံးဖြတ်ချက်ချနိုင်မယ်ထင်ပါတယ်” လို့ သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ရေးသားဖော်ပြလာတာပဲ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ မြေးအဖွား သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဘုရင့်နောင် တိုက်ခိုက်ရေးကျောင်းအား တစ်နေ့တည်း ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) တို့ကို တစ်ရက်တည်းမှာပဲ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်တပ်ဟာ အများပြည်သူရဲ့ဆန္ဒကို သွေဖယ်ပြီး အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီ က နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူအများစု စိတ်ခံစားမှုအခြေအနေ ဆိုးဝါးလာနေဟု စစ်တမ်းများ ဖော်ပြ

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးတွေဟာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရသလဲဆိုတာကို စစ်တမ်းတွေက ဖော်ပြနေပါတယ်။
Read More

စစ်တပ်ရိက္ခာကား မောင်းပေးသူတစ်ဦးကို အကြမ်းဖက် စစ်အုပ်စု သတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာကားမောင်းနှင်းလာသူတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ လာရောက်ဗုံးကြဲရာ ဒေသခံအမျိုးသမီး ၁ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ် တောင်ရပ်ကွက်နဲ့ ရွှေမုဠောဘုရားမှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။