စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပိတ်မိနေတဲ့ ခရီးသည်တင်ယာဉ်ပေါ်ရှိ ပြည်သူတွေကို ကယ်ထုတ် ခဲ့တဲ့ ရုပ်သံဖိုင်ကို Dragon Brothers Task Force မှ ထုတ်ပြန်လိုက်ပါတယ်။

“ကားကိုယူသွားပါ ကျနော်၊ကျမတို့ ခရီးသည်တွေ ဆင်းနေခဲ့မယ်ဆိုတာကို အဆင်းမခံပဲ တိုက်ပွဲရှိရာကို လူသားဒိုင်းလုပ် အတင်းအဓမ္မသေနတ်ပြ ခေါ်ဆောင်လာခဲ့တဲ့ ခဝေးတွေရဲ့လုပ်ရပ်ဟာ စက်ဆုတ်စရာအလွန်ကောင်းပါတယ်။ ဘောမမီဒီယာတွေမှာ ခဝေးတွေက ကလေးနှင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ပေးသလိုလို ပြောထားပါတယ်”လို့ Dragon Brothers Task Force မှ ဆိုပါတယ်။

တော်လှန်ရေးရဲဘော်တွေဟာ တိုက်ပွဲကြားကနေ ကလေးနဲ့ ဒဏ်ရာရခရီးသွားတွေကို လုံခြုံရာ နေရာသို့ ပို့ပေးခဲ့တဲ့ မှတ်တမ်းရုပ်သံတွေရှိပြီး ပြည်သူလုံခြုံရေးအရ မျက်နှာတွေ မပါတဲ့ ရုပ်သံဖိုင် တစ်ခုကို ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ကင်းယူမယ့်အဆောက်အအုံမှာ မိုင်းထောင်ပြီး တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ အဆောက်အအုံမှာ ကြိုတင်မိုင်းထောင်ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးကင်းယူဖို့ ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေ အစောင့်လိုက်ပါလာတဲ့ ဆီဘောက်စာယာဉ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ဘက်ကနေ ထွက်လာတဲ့ ဆီဘောက်စာယာဉ် အစီး ၄၀၊ တွဲကား ၄ စီးနဲ့ သံပြားကာ ယာဉ် ၅ စီးကို နိုဝင်ဘာ ၄ ရက် ညနေပိုင်းက မအူ-မြေနဲကြားမှာ တော်လှန်ရေးတပ်တွေက စောင့်ဆိုင်းပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်များ၏ စစ်ဆင်ရေးလေ့ကျင့်မှု (ရုပ်/သံ)

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု မှတ်တမ်း ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

အိန္ဒိယနိုင်ငံ ကျေးရွာတစ်ရွာမှာ ရုတ်တရက် တောင်ကျရေလွှမ်းပြီး လူ ၄ ဦး သေဆုံးကာ အများအပြား ပျောက်ဆုံးနေ (ရုပ်/သံ)

အိန္ဒိယနိုင်ငံ Uttarkashi မြို့ရဲ့ Dharali ကျေးရွာမှာ သြဂုတ် ၅ ရက်က တောင်ကျရေ ရုတ်တရက် စီးဆင်းလာပြီး ရေလွှမ်းသွားခဲ့ရာ လူ ၄ ယောက်သေဆုံးကာ အများအပြားပျောက်ဆုံးလျက်ရှိတယ်လို့ အိန္ဒိယသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သံချပ်ကာယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မတ်လ ၂၅ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ သံချပ်ကာယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်ကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် တပ်ဖွဲ့ဝင်က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။