အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်ရဲ့ ဇန်နဝါရီလ ထဲမှာ ရွေကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာ- ဘီလာရုဇ် နှစ်နိုင်ငံ တွေ့ဆုံပွဲအပြီး မတ်လ ၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲကို ၂၀၂၅၊ ဒီဇင်ဘာ (သို့) ၂၀၂၆ ၊ ဇန်နဝါရီလ အစောဆုံး ကျွန်တော်တို့ ကျင်းပဖို့ စီးစဉ်ထားကြောင့် ကျွန်တော်တို့ ပြောလိုပါတယ်။” လို့ မင်းအောင်လှိုင်က အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။
ဒါ့အပြင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပါတီပေါင်း (၅၃) ခုက စာရင်းပေးသွားထားပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘီလာရုစ်နိုင်ငံကိုပါ လာရောက်လေ့လာ ကြည့်ရှုဖို့ကိုပါ ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ ဘီလာရုဇ် သမ္မတနဲ့ တွေ့ဆုံပွဲအတွင်း ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ၊ စိုက်ပျိုးရေး၊ လယ်ယာသုံး စက်ကိရိယာထုတ်လုပ်တာတွေ နို့ထွက်ပစ္စည်းတွေ ထုတ်လုပ်ဖို့၊ စက်မှုကုန်ကြမ်း သီးနှံ စိုက်ပျိုး ထုတ်လုပ်ရေးတွေမှာ ပူးပေါင်းဖို့၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး တိုးမြှင့်ဖို့တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာလည်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့မှာတော့ မဖြစ်လာခဲ့ပါဘူး။
အခုကျင်းပမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ ရွေးကောက်ပွဲကို ဦးစားပေးမလုပ်သင့်ဘဲ စစ်ပွဲတွေကို အရင်ရပ်အောင်လုပ်ပြီး နိုင်ငံရဲ့ တည်ငြိမ်ရေးကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ပြောဆိုထားပြီး အနောက်နိုင်ငံတွေကလည်း ရွေးကောက်ပွဲကို မထောက်ခံကြောင်း အတိအလင်း ပြောဆိုထားတာပါ။
ဒါပေမယ့် တရုတ်၊ ရုရှားနဲ့ ဘယ်လာရုဇ်တို့ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံလျက်ရှိနေပါတယ်။
ပုံစာ – အကြမ်းဖက်မင်းအောင်လှိုင်က ဘီလာရုစ်သမ္မတ လူကာရှန်းကော့ကို အဂ္ဂမဟာသရေစည်သူဘွဲ့ ပေးနေစဥ်
0 Shares:
You May Also Like
Read More

Kick ပလက်ဖောင်းပေါ် တက်လာသည့် စစ်အုပ်စု ဝါဒဖြန့်ချန်နယ်များ ၂၄ နာရီ မပြည့််မီ အရေးယူဖြုတ်ချခံရ

ဩစတြေးလျအခြေစိုက် တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Kick နည်းပညာ ကုမ္ပဏီဟာ  မြန်မာစစ်အုပ်စုရဲ့ ဝါဒဖြန့်ချန်နယ်တွေကို သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ စတင်ထုတ်လွှင့်ပြီး ၂၄ နာရီ မပြည့်ခင်အချိန်မှာပဲ အမြန်ဆုံး ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။
Read More

နယ်စပ်တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော် ထိုင်းနိုင်ငံထဲသို့ ထွက်‌ပြေးတိမ်းရှောင်

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်များကြောင့် မြန်မာနိုင်ငံသား ၃၀၀ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က မေလ ၈ ရက်မှာပြောပါတယ်။
Read More

စစ်ကောင်စီအတွက် နောက်ဆုံးနေရာဟာ ရာဇဝတ်သားတွေအဖြစ် တရားရုံးရှေ့မှောက်သာ ဖြစ်သင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကို အသိပေး

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် နောက်ဆုံးနေရာအဖြစ် တရားရုံးနဲ့ ခုံရုံးရှေ့မှောက်ကိုသာ အရောက်ပို့ရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

ထိုင်းနဲ့ ကမ္ဘောဒီးယား အပစ်ရပ်သဘောတူထားတယ်လို့ ထရမ့်ပြော

"သူတို့ရဲ့ ကာလရှည်ကြာစစ်ပွဲ မတော်တဆ ပြန်လည်စတင်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဒီမနက်ပဲ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် တို့နဲ့ သေချာစကားပြောခဲ့ပါတယ်၊ သူတို့နှစ်ဦးစလုံး ဒီညနေကစပြီး ပစ်ခတ်မှုအားလုံးကို ရပ်စဲဖို့၊ ပြီးတော့ မလေးရှားဝန်ကြီးချုပ်ကြီး အန်ဝါ အီဘရာဟင်ရဲ့ အကူအညီနဲ့ သူတို့နဲ့ ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့ မူလငြိမ်းချမ်းရေး သဘောတူညီချက်ဆီ ပြန်သွားဖို့ သဘောတူညီခဲ့ကြပါတယ်" လို့ ၎င်းရဲ့ Truth ဆိုရှယ်ပလက်ဖောင်းကနေ ရေးသားခဲ့ပါတယ်။
Read More

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို မလေးအာဏာပိုင်တွေ ဖမ်းဆီး

မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။ 
Read More

ရုရှားနိုင်ငံရဲ့ ရင်ပြင်နီချီတက်ပွဲအခမ်းအနား အကြမ်းဖက်မင်းအောင်လှိုင်တို့ ဇနီးမောင်နှံ တက်ရောက်မည်၊ အဆိုပါအခမ်းအနား တက်မည့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ လုံခြုံရေးကို တာဝန်မခံကြောင်း  ယူကရိန်းသမ္မတ ပြောကြားထား

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ပြုလုပ်မယ့် နှစ် ၈၀ ပြည့် ရင်ပြင်နီချီတက်ပွဲအခမ်းအနားကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူ ကြူကြူလှတို့ တက်ရောက်မယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။