ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၈)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
မူးမြို့နယ်အတွင်း မတ်လ(၆)ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီရဲ့ တောင်ငူလေတပ်က ဂျက်ဖိုင်တာ(၁)စင်းဟာ ကျောက်ကြီးပေါက်ကျေးရွာအတွင်း လာရောက်ဗုံးကြဲခဲ့ရာ (၆၃)နှစ်အရွယ် အမျိုးသမီး (၁) ယောက် ထိခိုက်သေဆုံးခဲ့ပြီး (၁၅)နှစ်အရွယ်နဲ့ (၂၄)နှစ်အရွယ် မိန်းကလေး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၁)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။
အဲ့ဒီနေ့ မွန်းလွဲပိုင်းမှာပဲ မကျည်းတောကျေးရွာအတွင်း ထပ်မံလာရောက်ပစ်ခတ်ခဲ့ရာ ​ကျေးရွာနေ အသက် (၅၀) ကျော်အရွယ် ဒေသခံ ၂ ယောက် ထိခိုက်သေဆုံးခဲ့ပြီး နေအိမ် (၅) လုံး ထိမှန်ပျက်စီးကာ (၁)လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကျောက်ကြီးမြို့ နယ်အတွင်း မတ်လ (၅)ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်ကနေ အင်းနက်ကျေးရွာမှာ လာရောက်ဗုံးကြဲခဲ့ရာ ထိခိုက်ပျက်စီးမှု မရှိခဲ့ပေမယ့် မတ်လ (၆) ရက်နေ့ ညပိုင်းမှာ တရေးစီလော် (နရွဲပင်) ကျေးရွာတွင်းကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ − အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုများ…
0 Shares:
You May Also Like
Read More

စစ်ကောင်စီ စစ်ကူပို့ပေးရာ ဂိတ်နှစ်ခုကို တော်လှန်ရေးတပ်များ ပြောက်ကျားဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁၀ ယောက် ထက်မနည်းသေ

စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းမြောက်ဘက်ခြမ်းက ထိတွေ့တိုက်ပွဲတွေအတွက် စစ်ကောင်စီရဲ့ စစ်ကူ တပ်တွေရှိရာ စစ်ကိုင်းတက္ကသိုလ်ရှေ့က စစ်တပ်ဂိတ်နဲ့ ကံတလူဂိတ်တို့ကို တစ်ပြိုင်နက်တည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရသူ လူငယ် ၂ ဦး ဟုမ္မလင်းမြို့နယ် (ပကဖ) ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကို စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PNLO နယ်မြေက ပွန်ချောင်းတံတားကို စစ်ကောင်စီ လေတပ် ဗုံးကြဲတိုက်ခိုက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေက အများပြည်သူအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်း ပြုလုပ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ က ဦးဆောင်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ဒေသခံ ရပ်ရွာလူထုကို သင်တန်း ပို့ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PLA ဆေးတပ်ဖွဲ့ ဆေးဝါးကုသမှုပေးပြီး စားနပ်ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်ကနေ စတင်ပြီး ဆေးကုသမှုပေးကာ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ပြုလုပ်နေတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေ သီတင်းကျွတ်ကို တော်လှန်သီတင်းကျွတ်အဖြစ် ဆင်နွှဲဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ကာလမှာ ပြည်သူတွေအနေနဲ့ ဆီမီးသပိတ်ဆင်နွှဲပြီး တော်လှန်သီတင်းကျွတ်အဖြစ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ဖို့ သပိတ်အင်အားစုတွေက နှိုးဆော်လိုက်ပါတယ်။