စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး သေဆုံးပြီး၊ ၆၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်လိုက်တာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၅ ဦး၊ လက်နက်ကြီးကြောင့် ၁၁ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် နှစ်ဦး၊ ထောင်တွင်း ဆေးကုသခွင့်မရလို့ တစ်ဦး၊ မြေမြှုပ်မိုင်းကြောင့် ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းက ၂၁ ဦးနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်က ကိုးဦးစီနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာလည်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၈၆ ဦး သေဆုံးတယ်လို့ BWU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေးမြို့မှာ သန်းခေါင်စာရင်းကောက်ယူမှုအတွင်း ပါဝင်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်လို့ ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်း၂၊ ရေးပြောက်ကျားတပ် (YGF) က အသိပေးထုတ်ပြန်ပါတယ်။
Read More

TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူယစ်ဆေးဝါးသုံးစွဲသူ (၁၂၆)ဦးနှင့် ဖြန့်ဖြူးရောင်းချသူ (၁၃)ဦး ဖမ်းဆီးခဲ့…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ခရိုင်တွေဖြစ်တဲ့ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နဲ့ နမ့်ခမ်းခရိုင်တို့မှာ TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၂၆) ယောက်နဲ့ ဖြန့်ဖြူးရောင်းချသူ (၁၃) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သိမ်းငှက်စစ်ဆင်ရေးအတွင်းနှင့် ရပ်နားထားချိန်အတွင်း မော်လိုက်ခရိုင် တပ်ရင်း (၂ ၊ ၄) ထံ စစ်အုပ်စုအဖွဲ့ဝင် ၅ဦး လက်နက်များနှင့် အလင်းဝင်ခဲ့

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ပျူစောထီး ၁ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ အလင်းဝင်ရောက်လာပြီးတဲ့နောက် "သိမ်းငှက်စစ်ဆင်ရေး" အပြီး မော်လိုက်တပ်ရင်းတွေထံ အလင်းဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၅ယောက်အထိ ရှိလာကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချလို့ အရပ်သား (၃) ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား (၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

Special Operation Group(SOG) စစ်ကြောင်းရဲ့ အထူးစစ်ဆင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group - SOG (P-29916) စစ်ကြောင်းက ပြုလုပ်တဲ့ အထူးစစ်ဆင်ရေး မွမ်းမံသင်တန်းနဲ့ မြို့ပြစစ်ဆင်ရေးသင်တန်းရဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရေး-ထားဝယ်လမ်းပိုင်းတွင် ကုန်တင်ကားများ တိုက်ခိုက်ခံရ၊ ယာဥ်မောင်း ၂ ဦး သေဆုံးပြီး ကား ၁ စီး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းတနေရာမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရကာ ယာဉ်မောင်းနဲ့ နောက်လိုက် သေဆုံးမှုရှိခဲ့ပြီး ကား ၁ စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။