မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ ၅၉၁ က စစ်ကောင်စီတပ်သား ၂ ယောက် ဖေဖော်ဝါရီလ ၂၇ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်သား ၂ ယောက်လုံးဟာ စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံခဲ့ရသူတွေဖြစ်ပြီး ၁ ယောက်က ရကသ (၁) ကနေ အပတ်စဉ်(၁) စစ်ပညာသင်တန်းကျောင်းဆင်းပြီးဖြစ်ကာ အခြား ၁ ယောက်ကတော့ အပတ်စဉ်(၆) ဝဲကလိသင်တန်းကျောင်းဆင်း စစ်သား ဖြစ်တယ်လို့ ဆိုပါတယ်။

ခမရ ၅၉၁ မှာ လမ်းကင်း တာဝန်ကျချိန် အဆိုပါစစ်သား ၂ ယောက်ဟာ နယ်မြေခံတွေကို မေးမြန်းကာ အလင်းဝင်ရောက်လာတာဖြစ်ပြီး စစ်သား ၂ ယောက်အနက် ၁ ယောက်က ဒေါနတပ်ရင်းနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ဒေါနတပ်ရင်းက ဆိုပါတယ်။

ဒေါနတပ်ရင်းအနေနဲ့လည်း အလင်းဝင်ရောက်လာသူတွေကို ကောင်းမွန်စွာ လက်ခံထားရှိပြီး အခုလက်ရှိတပ်ရင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ အလင်းဝင် ပြည်သူ့ဘက်တော်သား (၂၃) ယောက် ရှိတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်တွေကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက် ရပ်တည်ချင်တဲ့ စစ်သားတွေ၊ ရဲတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်တယ်လို့ ဒေါနတပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုသိမ်ကြီးနဲ့ မတ္တရာအစပ်က စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

နန်းစောင်းပုရွာသစ်တွင် စစ်ကော်မရှင်အဖွဲ့ဝင်နှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ (၇) ဦး ဖမ်းဆီးရမိဟု PDF အမှတ် ၁ စစ်ဒေသ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို ထိုးစစ်စင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း (၇) ယောက် ဖမ်းဆီးရမိပြီး အလောင်း (၄) လောင်းနဲ့ လက်နက် (၅) လက် သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မှာ ဂိတ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားကို ပစ်ခတ်ရှင်းလင်း…

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ကိုင်းယားရှည်ရွာမှာ ဂိတ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3801 တပ်ခွဲ 5 ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

တောင်သူများထံမှ မိုးရာသီစိုက် ဘဏ်ချေးငွေများ တောင်းခံခြင်းမပြုလုပ်ရန် လက်ပံတန်း ပကဖ ထုတ်ပြန်

ပဲခူတိုင်း၊ လက်ပံတန်းမြို့နယ်က တောင်သူတွေရဲ့ မိုးရာသီစိုက် ဘဏ်ချေးငွေတွေကို တောင်းခံခြင်းမပြုလုပ်ကြဖို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦး၊ ပုဂံမြို့သစ်မှာ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီး ရက်ပိုင်းပဲခြားကာ စစ်တပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပိတ်ရက်တွေအတွင်း ပြည်သူတွေ ခရီးသွားလာ သတိပြုကြဖို့ လိုအပ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ ရက်ပိုင်းပဲခြားပြီး အုပ်ချုပ်ရေးမှူး တစ်ယောက်နဲ့ စစ်တပ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းတွင် စပါးခင်းများကြား စစ်တပ်ကင်းပုန်းများကြောင့် ပြည်သူများ စပါးရိတ်ရန် အခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စပါးခင်းတွေကြား အကြမ်းဖက်စစ်သားတွေ ကင်းပုန်းဝပ်နေတဲ့အတွက် ပြည်သူတွေ စပါးပြန်လည်ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။