မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်းအရပ်သား ၅ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မတ်လ ၂ရက်နေ့ မနက်အစောပိုင်းမှာ ပခုက္ကူ တပ်မ ၁၀၁ အပါအဝင် ရေစကြိုမြို့နယ်အခြေစိုက် ၂၅၆၊ ၂၅၇၊ ၂၅၈ စစ်ကောင်စီ တပ်ရင်းတွေက ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ရေစကြို ရေလယ်ကျွန်းဒေသကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ရေလယ်ကျွန်းဒေသမှာရှိတဲ့ မြေစွန်းတော်ရွာကို ဝင်ရောက်ရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ထွက်မပြေးနိုင်တဲ့ အသက် ၇၀ ကျော်အရွယ် ဦးဟန်တင်၊ အသက် ၆၀အရွယ် ဦးဌေးမြင့်၊ အသက်၈၈နှစ်အရွယ် ဦးသံမဏိ၊ အသက် ၆၀ အရွယ် ဒေါ်သန်းပြည့်နဲ့ အသက် ၈၆နှစ်အရွယ် ဒေါ် လှငွေတို့ကို သတ်ဖြတ်ကာ တချို့ကို မီးရှို့အလောင်းဖျောက်ထားခဲ့တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၆ရက်နေ့ကတည်းက ချင်းတွင်းမြစ်အရှေ့ဘက်မှာရှိတဲ့ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းဝင်ရောက်ခဲ့တာဖြစ်ပြီး Myingyan Black Tiger (MBT) တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကြောင်းဟာ အင်အားပြန်လည်ဖြည့်တင်းရင်း  မတ်လ ၂ရက်နေ့ကစလို့ မြေစွန်းတော်၊ မင်္ဂလာခြံ၊ ရွာသစ်ရွာတို့ကို အင်အားအလုံးရင်းနဲ့ဝင်ရောက်ရင်း စစ်ကြောင်းဝင်မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။

Myingyan Black Tiger (MBT) တပ်ဖွဲ့ကလည်းအကြမ်းဖက်စစ်ကြောင်းနဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစလို့ မတ်လ ၅ရက်နေ့အထိ ထိတွေ့တိုက်ပွဲတွေရှိခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က ၁၀ယောက်ထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပေမယ့်လည်း အကြမ်းဖက်တပ်ရဲ့ လေကြောင်းအသုံးပြုမှု၊ စစ်ကူလမ်းကြောင်းခက်ခဲမှုနဲ့ ခဲယမ်းပြတ်တောက်မှုတွေကြောင့် တပ်ဖွဲ့ဌာနချုပ်စခန်းအထိပါ လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။

“MBT စခန်းကို လက်လွတ်ဆုံးရှုံးရမှုမှာ ငွေကြေးနဲ့တော့ ဘယ်လောက်ရှိတယ် မခန့်မှန်းတတ်ပါဘူး။ တာဝေးလက်နက်ကြီးတို့၊ ဖောက်ခွဲရေးပစ္စည်းတို့ လက်နက်ထုတ်လုပ်ရေးပိုင်းက ပစ္စည်းတွေဆုံးရှုံးခဲ့ပါတယ်။ တိုက်ပွဲက နေ့စဥ်နီးနီးဖြစ်ခဲ့တာပါ။” လို့လည်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောခဲ့ပါတယ်။

ဆက်လက်ပြီး​တော့လည်း အခုလို ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်ရင်း၊ နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီကို သွေးကြွေးပြန်လည်ရယူနိုင်ဖို့ MBT အနေနဲ့ ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။

ရေစကြို၊ ရေလယ်ကျွန်းဒေသ၊ မြေစွန်းတော်ရွာမှ သက်ကြီးပိုင်းဒေသခံများ သတ်ဖြတ်ခံထားရပုံနှင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့နယ်က စစ်ရှောင် ၇၅၀ ကျော်ကို အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ PDF အမှတ် ၁၂၂၂ တပ်ရင်း ပေးအပ်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေနဲ့ သက်ကြီးရွယ်အို ၇၅၀ ကျော်ကို ဆန်၊ ဆီ၊ အဝတ်အထည်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁၂၂၂) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှ ဆင်ဖြူကျွန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ ၁ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို အင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၂၀ ခန့်ပါ သံပြားကာကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘုတလင် သတ်ဖြတ်မှုဟာ မေ့လျော့စရာ မရှိ၊ ဆွေးနွေးစရာ မရှိ

ဘုတလင်မြို့နယ် ပါစီရွာက ဒေသခံတွေကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်က လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကို ပြည်သူတွေအနေနဲ့ မမေ့လျော့ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ရဲဘော်လျှပ်စီး (ခ) နေဝင်းထွန်း ဦးခေါင်း ကျည်ထိမှန် ကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲမှာ သေနတ်ကျည် ဦးခေါင်းထိမှန်ပြီး ကျဆုံးခဲ့တဲ့ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲ့ ရဲဘော် လျှပ်စီး (ခ) နေဝင်းထွန်းကို စစ်ပုံစံနဲ့အညီ သင်္ဂြိုလ်ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။