မွန်ပြည်နယ်၊ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းရဲ့ ကင်းပုန်းတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က မျက်မြင် ၄ ယောက် သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ နဂါးဖြူစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လ ၆ ရက် မနေ့က ရန်ကုန်-မော်လမြိုင်လမ်းမကြီးရဲ့ ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီတပ် ယာဥ်တန်းရဲ့ လုံခြုံရေးကင်းပုန်းအဖွဲ့နဲ့ နဂါးဖြူစစ်ကြောင်း၊ တပ်ရင်း ၇၈၀၅၊ တပ်ခွဲ ၄ သပြေညိုစစ်ကြောင်း ပူပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

၁ နာရီခွဲခန့် ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မျက်မြင် ၄ ယောက်သေဆုံးပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နဂါးဖြူစစ်ကြောင်းမှ ကျဆုံးရဲဘော်

တော်လှန်ရေးတပ်တွေဘက်ကလည်း ရဲဘော် ၁ တစ်ယောက် ကျဆုံးခဲ့ပြီး ရဲဘော် ၂ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ နဂါးဖြူစစ်ကြောင်းက ဆိုပါတယ်။

နဂါးဖြူစစ်ကြောင်းက ကျဆုံးရဲဘော်အတွက်လည်း နဂါးဖြူစစ်ကြောင်းက ” ရဲဘော် တော်လှန်ရေးအတွက် မင်းရဲ့ပေးဆပ်မှုက ကြီးမားလွန်းလှတယ်…ငါတို့တော်လှန်ရေး အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကတိပြုပါသည်၊ ရဲဘော် Demon အား အလေးပြုပါသည်” ဆိုပြီး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန်တိုးမြှင့် ဆောင်ရွက်သွားမည်ဟု CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး (CNF) အနေနဲ့  ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မတ်လ ၂၀ ရက်မှာ ကျရောက်မယ့် ၃၇ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

ရန်ကုန်တိုင်းက ခရိုင် ၄ ခုလုံး ၁ ရက်ကို ၈ နာရီ မီးဖြတ်ခံရမယ်

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင် ၄ လုံးမှာ တစ်ရက်ကို ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
Read More

အောက်တိုဘာလအတွင်း TNLA စိုးမိုးထိန်းချုပ်နယ်မြေများတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်ပြုလုပ်ခဲ့၊ သံဃာတော်များအပါ ပြည်သူ ၁၉ ဦးအထိ သေဆုံးခဲ့

အကြမ်းဖက်စစ်တပ်က အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ် ပြုလုပ်ခဲ့ရာ သံဃာတော်တွေနဲ့ ပြည်သူ ၁၉ ယောက်အထိ သေဆုံးခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်ကောင်စီက နေအိမ်ပေါ်အထိတက်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေ

"အခုလိုတွေဖြစ်လာမှာမလို့ ငုံမခံဘဲ တုန့်ပြန်ကြဖို့နဲ့ အချိန်မှီ တလရ အဖွဲ့တွေဆီ ပူးပေါင်းကြဖို့ အကြိမ်ကြိမ် အသိပေးခဲ့ပေမယ့်လည်း ရေပေါ်ဆီဘဝနဲ့ နေသာသလိုနေခဲ့ကြတဲ့ အကျိုးဆက်တွေသာ ဖြစ်ပါလိမ့်မယ်။ အခုဆို မတရားမှုဟာ တံခါးလာခေါက်တာတင် မဟုတ်တော့ပါဘူး အိမ်ပေါ်ကဆွဲချတဲ့အထိဖြစ်နေပြီ။ ရေပေါ်ဆီလူငယ်တွေအတွက် အာဏားရူး မင်းအောင်လှိုင် ပို့ပေးတဲ့ ရှေ့တန်းသေလမ်းမှတပါး ရွေးစရာမရှိတော့ဘူး။" လို့ Voice Of Wundwin အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ထံက လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော်ကို သိမ်းဆည်းရရှိ

ကချင်ပြည်နယ် ပန်ဝါဒေသက  စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) -၁၀၀၂ တပ်ဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်မှုအပြီး လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

ကနီ ပကဖ လေကြောင်းရန်ကာကွယ်ရေး သင်တန်းပေး (ဓာတ်ပုံသတင်း)

ကနီမြို့နယ်အတွင်း ပြည်သူအခြေပြု စာသင်ကျောင်းတွေမှာ လေကြောင်းအန္တရာယ် ကာကွယ်ရေးနဲ့ လက်တွေ့သရုပ်ပြသင်တန်း လေ့ကျင့်ပေးမှုတွေကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ကြောင်း ပကဖအသံက ဖော်ပြထားပါတယ်။