ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်ပေါက်စရဲ့ စျာပနအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – PLF က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – PLF က တပ်စိတ်မှူး ရဲဘော်ပေါက်စဟာ မတ်လ ၂ ရက် နေ့လယ်ပိုင်းက မိုးဗြဲမြို့တစ်နေရာမှာ စစ်ကောင်စီတပ်ကို မဟာမိတ်တွေနဲ့အတူ လက်တွဲတိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်ပေါက်စဟာ ကျဆုံးချိန်မှာ အသက် ၂၄ နှစ်ရှိပြီ ဖြစ်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှာ အသက် ၂၀ အရွယ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ကာ ကျဆုံးချိန်အထိ ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်ရဲ့ ပင်ပန်းဆင်းရဲမှုဒဏ် ခံနိုင်မှု၊ ရဲရင့်မှု၊ အမိန့်နာခံနိုင်မှု၊ စွန့်လွှတ်ပေးဆပ်နိုင်မှု၊ လူထုကို အလုပ်အကျွေးပြုမှုတို့ကြောင့်လည်း ဝမ်းမြောက်ဂုဏ်ယူရသလို ကျဆုံးရဲဘော်ရဲ့ စိတ်ဓာတ်နဲ့ အစဥ်အလာကို ဆက်ခံပြီး တော်လှန်ရေးပြီးဆုံးတဲ့အထိ ဦးလည်မသုန် ကိုယ်ကျိုးစွန့်ကာ ဆက်လက်ချီတက်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – PLF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးက နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်တိုက်ပွဲတွေမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ယောက် သေပြီး ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီးအဆင့် တပ်မမှူး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်လှုပ်ချိန် စားပွဲအောက်မှာ ဝင်ပုန်းခဲ့ရတယ်လို့ မင်းအောင်လှိုင် ဝန်ခံ

နေပြည်တော်မှာ ငလျင်လှုပ်ခတ်နေချိန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် စားပွဲအောက် ဝင်ရောက်ပုန်းခိုခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာမှ ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ…

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပင်လည်ဘူး တိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခိုင် တပ်ရင်း ၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ဆင်နွှဲပြီး ပြန်လာကြတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ က တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။