စစ်ကိုင်းတိုင်း မုံရွာမြို့က ထွက်လာတဲ့ သံပြားကာယာဉ် ၂ စီးကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ မတ်လ ၄ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၁၇ ယောက်ကို ရှင်းလင်းပြီး စစ်ယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ Union Liberation Front – ULF V 02 ထံက သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သံပြားကာ ဂျန်ဘာယာဉ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထိုးရပ်သွားပြီး ကျန်စစ်ယာဉ် ၁ စီးကို လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက် ခိုက်ခဲ့ရာ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ချောင်းမြို့နယ် စိုက်ကွင်းရုံးနဲ့ မြပုလဲစစ်တပ်အထိုင်စခန်းကနေ ၁၂၀ မမ လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ အင်ဂျင်တပ်လေထီးယာဉ်နဲ့ လာ ရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဒုဗိုလ် ၁ ဦး အပါအဝင် ၁၇ ဦး သေဆုံးပြီး MA-1 ၄ လက်၊ MA-3 ၁ လက်၊ MA-11 ၃ လက် ၊ G-3 ၁ လက်၊ G-1 ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁လက်၊ ၄၀ မမ ဆုံလည် ၁လက်၊ ကျည်ဘောက်မျိုးစုံ ၂၂ ဘောက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စစ်ကူစစ်သားတွေကို ခရီးသည်တင်ယာဉ်နဲ့ လိုက်ပါလာပြီးခရီးသည်များကို ဓားစာခံအဖြစ် တိုက်ပွဲအတွင်း အသုံးပြုခဲ့ကာ တော်လှန်ရေးတပ်များက ကယ်ထုတ်ခဲ့ရပြီး ခရီးသည်များအနက် ခရီးသည် ၃ ဦးမှာ စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်းနှင့် ပူးတွဲတာဝန်ထမ်းဆောင်လျှက်ရှိသော ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် မဟာမိတ်တပ်များဖြစ်သော ဗျူဟာ ၄၇ ၊ ကျောက်လုံးကြီး (KLG) ၊ B-21 PDF ယင်းမာပင်ခရိုင်တပ်ရင်း ၁၇ ၊ ကျောင်းသားလက်ရုံးတပ်တော် SAF၊ Mobile Team ၊ Budalin Guerrilla force ၊  မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ(၁) (ရွာဇော်ကြီးတပ်ခွဲ) ၊Kanni Three Brothers Force ၊ ရတနာပုံ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်မြို့နယ်) ၊ VENOM Revolution Force (VRF) ၊ မန္တလေးခရိုင် တပ်ရင်း (၅) ၊ မိတ္ထီလာခရိုင်တပ်ရင်း (၃) ၊ မတ္ထီလာ ပကဖ ၊ Special Force 11 ၊ Immortal Guerrilla Force၊ Silingyi Task Force Drone Team (SSTF Drone Team) ၊ Sagaing District Drone Team (SDDT) ၊ဆားလင်းကြီးမြို့နယ် ပကဖ လက်ရုံးတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ပေါင်းစုဘက်မှ ရဲဘော် ၂ ဦးဒဏ်ရာရရှိတယ်လို့ သိရပါ တယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းမကြီးတွင် လုံခြုံရေးယူရန်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Special Forces 11 - PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အခြေခံစစ်ပညာသင်တန်းတက်ရောက်နေကြတဲ့ Northwest Plains Revolutionary Forces ရဲဘော်တွေ ရုပ်သံထုတ်ပြန် (ရုပ်/သံ)

Northwest Plains Revolutionary Forces ရဲ့ အပတ်စဉ်(၅) အခြေခံစစ်ပညာသင်တန်းတက် ရောက်နေတဲ့ ရဲဘော်တွေကို စစ်ရေးလေ့ကျင့်နေတဲ့ ပုံရိပ်ရုပ်သံမှတ်တမ်းဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

တညောင်ဓာတ်အားခွဲရုံကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံမှာ အင်အား ၈၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို  မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော် (Bamar Army) က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်တဲ့ ပုလဲမြို့ပေါ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ရှိနေပြီး အရပ်သားတွေကို တော်လှန်ရေးတပ်တွေ ဘေးလွတ်ရာ ပို့ဆောင်ပေးနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က မြို့မကျရေး လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
Read More

ဧရာဝတီတိုင်း အမှတ် (၂၉) ဗျူဟာ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီး (ရုပ်/သံ)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဧရာဝတီတိုင်းစစ်ဌာန အမှတ် (၂၉)ဗျူဟာ (AYA PDF) အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ AYA PDF အမှတ်၂၉ ဗျူဟာမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး စစ်ကြောင်းပျက်၊ ၁၅ ဦးသေပြီး ၁၂ ဦးဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ဖို့လာတဲ့ စစ်ကော်မရှင် တပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ၁၂ ယောက်ဖမ်းဆီးမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။