မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ကျေးရွာရှိ အကြမ်းဖက်စစ် တပ်အထိုင်စစ်ဆေးရေးဂိတ်ကို စနိုက်ဘာတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Six Senses Guerrilla Force အဖွဲ့ထံက သိရပါတယ်။

မတ်လ ၆ ရက် မနေ့နံနက်ပိုင်းက ညောင်ဂျစ်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်အထိုင်စစ်ဆေး ရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Six Senses Guerrilla Force၊ Earthquake People’s Defence Force၊ Thurain TR၊ Hunter Pakokku၊ Justice Revolution Force၊ Black Cheetah နဲ့ မြိုင် ပကဖ (ကိုနှင်းဂွေး) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို ပစ်ချခဲ့ဟု Battalion Of Budalin ဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကန့်ဘလူ တပ်ရင်း ၆၀၀၆ မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကိုလာတဲ့ ထောက်ပို့ရဟတ်ယာဉ် ၁ စင်းကို ပစ်ခတ်ခဲ့တယ်လို့ Battalion Of Budalinမှ ဒီကနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရှင်းလင်းခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်းခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ကလေးဒေသတော်လှန်ရေးတပ် (KRF) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စလင်းမြို့နယ် ကပစ ၂၅ နဲ့ ကပစ ၂၁ သို့ သွယ်တန်းထားတဲ့ မီးလိုင်းပြင်ဆင်ဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစ ၂၅ နဲ့ ကပစ ၂၁ သို့ သွယ်တန်းထားတဲ့ မီးလိုင်းတွေကို ပြင်ဆင်ဖို့လာတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင် စီစစ်ကြောင်းကို စက်တင်ဘာ ၁၈ ရက်က တိုက်ခိုက်ခဲ့တယ်လို့ သိမ်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးထံက သိရပါတယ်။
Read More

နမ့်လန်မြို့ အရပ်သားနေအိမ်ပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်နဲ့ ဆိုင်ခန်း ထိခိုက်ပျက်စီးကာ အဘွားအို ၁ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ရှိ အရပ်သားနေအိမ်ပေါ်သို့ ယနေ့ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်နဲ့ ဆိုင်ခန်း ပျက်စီးကာ ဒေသခံအဘွားအို ၁ ‌ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်တွင် စက်ရုပ်က လူကို တိုက်ခိုက်သည့် ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာ

တရုတ်နိုင်ငံမှာ Unitree က ထုတ်လုပ်တဲ့ စက်ရုပ်ဟာ ချွတ်ယွင်းမှုဖြစ်ပြီး coding ရေးနေတဲ့ လူတစ်ယောက်ကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ကဒက်ချောင်းတွင် ရေလာဆော့သည့် စစ်တပ် ဒုအရာခံဗိုလ်ကို ဖမ်းမိ (ရုပ်/သံ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်ပွန်းစခန်းကျေးရွာ ကဒက်ချောင်းမှာ ရေလာဆော့တဲ့ စစ်တပ် ဒုအရာခံဗိုလ် ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။