စစ်ကောင်စီကို စစ်လက်နက်တွေ ရောင်းချနေတဲ့ ဘီလာရုစ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ သဘောတူစာချုပ်တချို့ လက်မှတ်ရေးထိုးသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့  ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

ဘီလာရုစ်နိုင်ငံကို ရုရှားနိုင်ငံကတဆင့် ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း စိုက်ပျိုးရေးသုံး စက်ယန္တရားတွေ၊ ဓာတ်မြေသြဇာတွေ၊ ဆေးဝါးလုပ်ငန်းတွေအတွက်  နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတချို့ လက်မှတ်ရေးထိုးသွားမယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်ဟာ ဒီနေ့ (မတ် ၇ ရက်) မှာ ဘီလာရုစ် သမ္မတ၊ ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ သီးခြားတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့လည်း သိရပါတယ်။ 

ဘီလာရုစ်နိုင်ငံဟာ  စစ်ကောင်စီအတွက် အရေးပါတဲ့ စစ်လက်နက်တင်ပို့ရာ နိုင်ငံဖြစ်ပြီး မြန်မာစစ်တပ်နဲ့ စစ်ဘက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်တစ်ရပ်လည်း ထားရှိတယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို ဘီလာရုစ်က စစ်လက်နက်ရောင်းချမှုတွေထဲမှာ ၂၀၁၆ ခုနှစ်က ပေးပို့ခဲ့တဲ့ Kvadrat-M မြေပြင်မှဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် နှစ်ခု၊ ၂၀၁၅-၁၆ ခုနှစ်မှာ ပေးပို့ခဲ့တဲ့ 3M9 မြေပြင်မှဝေဟင်ပစ် ဒုံးကျည် (၁၀၀)၊ ၂၀၁၉ ခုနှစ်မှာ ပေးပို့ခဲ့တဲ့ Mi24/Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ် (၂)စီးတို့ ပေးပို့ခဲ့တယ်လို့ JFM က ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အထူးသဖြင့် စစ်လက်နက်ရောင်းချခြင်း၊ စစ်လက်နက်ထုတ်လုပ်ခြင်း၊ နည်းပညာလွှဲပြောင်းပေးခြင်းနဲ့ စစ်သင်တန်းပေးခြင်းတွေကို မြန်မာစစ်ကောင်စီနဲ့ ဘီလာရုစ်တို့ ပူးတွဲလုပ်ဆောင်မှုအချို့လည်း ပြုလုပ်ထားပါတယ်။

လက်တလော အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘီလာရုစ် ခရီးစဉ်အတွင်းမှာလည်း စစ်လက်နက်တင်ပို့ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်တွေမှာ သဘောတူညီမှုတွေ ရရှိလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ရုရှားလက်ဝေခံ နိုင်ငံဖြစ်တဲ့ ဘီလာရုစ် ခရီးစဉ်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်တွေဟာ အာဏာသိမ်း စစ်ကောင်စီအတွက်  စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်မယ့် လောင်စာသာဖြစ်နိုင်ကြောင်း Justice For Myanmar က ထုတ်ပြန်ပြောဆိုထားပါတယ်။⁩

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ကန့်ကွက်နေပေမယ့် တောင်ကိုရီးယားရောက် မြန်မာ ထောင်နဲ့ချီပြီး NUG ကိုရီးယားရုံးမှာ ပတ်(စ်)ပို့သက်တမ်းတိုးနေ

တောင်ကိုရီးယားနိုင်ငံ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံးက ပတ်(စ်)ပို့ သက်တမ်းတိုးပေးခဲ့ရာ လာရောက်သက်တမ်းတိုးသူ တစ်ထောင်ကျော် ရှိလာပြီလို့ သိရပါတယ်။
Read More

နယ်စပ်က ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေး တရုတ်နဲ့ထိုင်းပူးပေါင်းလုပ်ဆောင်မှုကို NUG က ကြိုဆိုတယ်လို့ ထုတ်ပြန်

မြန်မာပြည်နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နဲ့ ထိုင်းက ပူးပေါင်းအရှိန်မြှင့်တိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုတယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲကို တရားမျှတဖို့မျှော်လင့်ကြောင်း မိုဒီပြော

မြန်မာအာဏာသိမ်းစစ်အုပ်စုက လာမယ့်နှစ်ကုန်မှာ စတင်ပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို တရားမျှပြီး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့‌ မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက ဩဂုတ်လ ၃၁ ရက်မှာ ပြောဆိုပါတယ်။
Read More

မြန်မာတွေအနေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှင်ထုတ်ဖို့ သက်ဆင်ပြော

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ကြိုးပမ်းရာမှာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
Read More

မြန်မာ ၁ ယောက် အပါအဝင် တောင်းရမ်းသူ ၁၂ ယောက် ဘန်ကောက်မှာ ဖမ်းဆီးခံရ၊ တစ်ယောက်မှာ ဘတ် ၁၃ သိန်းခန့် ပိုင်ဆိုင်မှုရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာလူငယ် ၂၀၀ ခန့်ကို ရနောင်းမှ ကော့သောင်းသို့ ထိုင်းအာဏာပိုင်များ ပြန်ပို့

ထိုင်းနိုင်ငံတောင်ပိုင်းက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် (၂၀၀) ခန့်ကို ထိုင်းအာဏာပိုင်တွေက ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကတဆင့် နေရပ်ပြန်ပို့လိုက်တယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်းတော်ဝင်ရေတပ် ထုတ်ပြန်ချက်အရ သိရပါတယ်။