မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်လမ်းမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို  ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ ၁၅ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ထံက သိရပါတယ်။

မတ်လ ၁ ရက်နဲ့ ၂ ရက်အတွင်း မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ နဘူးအိုင်လမ်းမပေါ် စစ်ကြောင်းထိုးလာချိန် တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ယောက်၊ သံဂျက်ကာယာဉ် ၂ စီးနဲ့ မှန်လုံယာဉ် ၁ စီး ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့် ဗိုလ်မိုက်ခဲ အဖွဲ့နဲ့အတူ  နဂါးနီ‌ပြောက်ကျားတပ်ဖွဲ့၊ Anyar Federal Task force၊ MGN Danger Dynamite၊ မြင်းခြံမြို့နယ် ပ.က.ဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင်ကျဆုံးခဲ့သည့် တောင်ညိုတပ်ရင်း ရဲဘော် ၂ ဦး၏ နောက်ဆုံးခရီး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ  စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့  ရဲဘော် ၂ ယောက်ရဲ့ နောက်ဆုံးခရီးမှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်ဗျူဟာ (၇)မိုင်စစ်ဆင်ရေးမှ တပ်ရင်းပြန်လာသည့် ရဲဘော်များကို ပြည်သူလူထု အောင်သပြေနှင့် ကြိုဆို (ရုပ်/သံ)

မိုးကုတ်ဗျူဟာ (၇) မိုင် စစ်ဆင်ရေးမှာ ၄ လတာ တာဝန်ထမ်းဆောင်ပြီး မိခင်တပ်ရင်းထံ ပြန်လာတဲ့ ရဲဘော်တွေကို ဇူလိုင် ၂၇ ရက်မှာ ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုနေတဲ့ မှတ်တမ်းရုပ်သံကို ယင်းမာပင်ခရိုင် အမှတ် (၁၆) တပ်ရင်းက ဖော်ပြလာပါတယ်။
Read More

ကန်ပိုက်တီးမြိုအနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြိုအနီးမှာရှိတဲ့ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA က  အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှု အရပ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များကို KIA လက်နက် ၁၀၀ ကျော် တပ်ဆင်ပေး (ရုပ်/သံ)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်း ရဲဘော်တွေကို KIA က လက်နက် ၁၀၀ ကျော် တပ်ဆင်ပေးခဲ့တယ်လို့ အနောက်မြောက်လွင်ပြင်သို့ကမ်ပိန်းက ဆိုပါတယ်။