မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်းအရပ်သား ၅ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မတ်လ ၂ရက်နေ့ မနက်အစောပိုင်းမှာ ပခုက္ကူ တပ်မ ၁၀၁ အပါအဝင် ရေစကြိုမြို့နယ်အခြေစိုက် ၂၅၆၊ ၂၅၇၊ ၂၅၈ စစ်ကောင်စီ တပ်ရင်းတွေက ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ရေစကြို ရေလယ်ကျွန်းဒေသကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ရေလယ်ကျွန်းဒေသမှာရှိတဲ့ မြေစွန်းတော်ရွာကို ဝင်ရောက်ရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ထွက်မပြေးနိုင်တဲ့ အသက် ၇၀ ကျော်အရွယ် ဦးဟန်တင်၊ အသက် ၆၀အရွယ် ဦးဌေးမြင့်၊ အသက်၈၈နှစ်အရွယ် ဦးသံမဏိ၊ အသက် ၆၀ အရွယ် ဒေါ်သန်းပြည့်နဲ့ အသက် ၈၆နှစ်အရွယ် ဒေါ် လှငွေတို့ကို သတ်ဖြတ်ကာ တချို့ကို မီးရှို့အလောင်းဖျောက်ထားခဲ့တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၆ရက်နေ့ကတည်းက ချင်းတွင်းမြစ်အရှေ့ဘက်မှာရှိတဲ့ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းဝင်ရောက်ခဲ့တာဖြစ်ပြီး Myingyan Black Tiger (MBT) တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကြောင်းဟာ အင်အားပြန်လည်ဖြည့်တင်းရင်း  မတ်လ ၂ရက်နေ့ကစလို့ မြေစွန်းတော်၊ မင်္ဂလာခြံ၊ ရွာသစ်ရွာတို့ကို အင်အားအလုံးရင်းနဲ့ဝင်ရောက်ရင်း စစ်ကြောင်းဝင်မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။

Myingyan Black Tiger (MBT) တပ်ဖွဲ့ကလည်းအကြမ်းဖက်စစ်ကြောင်းနဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစလို့ မတ်လ ၅ရက်နေ့အထိ ထိတွေ့တိုက်ပွဲတွေရှိခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က ၁၀ယောက်ထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပေမယ့်လည်း အကြမ်းဖက်တပ်ရဲ့ လေကြောင်းအသုံးပြုမှု၊ စစ်ကူလမ်းကြောင်းခက်ခဲမှုနဲ့ ခဲယမ်းပြတ်တောက်မှုတွေကြောင့် တပ်ဖွဲ့ဌာနချုပ်စခန်းအထိပါ လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။

“MBT စခန်းကို လက်လွတ်ဆုံးရှုံးရမှုမှာ ငွေကြေးနဲ့တော့ ဘယ်လောက်ရှိတယ် မခန့်မှန်းတတ်ပါဘူး။ တာဝေးလက်နက်ကြီးတို့၊ ဖောက်ခွဲရေးပစ္စည်းတို့ လက်နက်ထုတ်လုပ်ရေးပိုင်းက ပစ္စည်းတွေဆုံးရှုံးခဲ့ပါတယ်။ တိုက်ပွဲက နေ့စဥ်နီးနီးဖြစ်ခဲ့တာပါ။” လို့လည်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောခဲ့ပါတယ်။

ဆက်လက်ပြီး​တော့လည်း အခုလို ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်ရင်း၊ နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီကို သွေးကြွေးပြန်လည်ရယူနိုင်ဖို့ MBT အနေနဲ့ ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။

ရေစကြို၊ ရေလယ်ကျွန်းဒေသ၊ မြေစွန်းတော်ရွာမှ သက်ကြီးပိုင်းဒေသခံများ သတ်ဖြတ်ခံထားရပုံနှင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ရေဖြူတံတားထိပ်က စစ်တပ်ဂိတ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၄ ဦး သေ အောက်တိုဘာ ၁၃၊ ၂၀၂၄

ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်တွင် စစ်ဆေးရေး လုပ်နေတဲ့စစ်တပ်ဂိတ် ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ မိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံက သိရပါတယ်။
Read More

ပဲခူးတိုင်း ကျောက်ကြီးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU အသိပေး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက အာဏာသိမ်း ၄ နှစ်တာအတွင်း မြို့ပေါင်း ၁၆၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀၀၀ အထိပြုလုပ်ခဲ့

စစ်အာဏာသိမ်းမှု  ၄ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၁၆၀ ကျော်မှာ စစ်ကောင်စီက  လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၈၀၀၀ ကျော်အထိရှိခဲ့တယ်လို့ Institute for Strategy and Policy- Myanmar ( ISP -Myanmar) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
Read More

KNU ဌာနချုပ်ကို အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီး ဒေသခံတချို့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရ

ကရင်ပြည်နယ် KNU တပ်မဟာ (၇) နယ်မြေမှာရှိတဲ့ KNU/KNLA ဗဟိုစစ်ရုံးဌာနချုပ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံတချို့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

KIA ၏ ကချင်ဒေသအထူးစစ်ဆင်ရေးကြီးမှာ ဗမာ့တပ်တော် (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) ပါဝင်တိုက်ပွဲဝင်ခဲ့

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်မှာ စတင်ခဲ့တဲ့ ကချင်ဒေသ အထူးစစ်ဆင်ရေးကြီးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ ဗမာ့တပ်တော် (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) က ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မြို့နယ်ပအဖ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံတွေနဲ့ အသိသက်သေတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က မနေ့က ထုတ်ပြန်ပါတယ်။