ကရင်နီပြည်နယ်အတွင်းက စစ်ရေးအခြေအနေတွေအရ စစ်ကောင်စီဘက်က ဘော်လခဲကနေ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကြောင့် မော်ချီးဒေသလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က မတ်လ ၄ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ 

ထုတ်ပြန်ချက်မှာ မတ်လ ၄ ရက်နေ့မှစပြီး နောက်ထပ် အမိန့်တစုံတရာ မထုတ်ပြန်ခင် အချိန်အထိ မော်ချီးဒေသကို ကူးသန်းရောင်းဝယ်နေတဲ့ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်တွေ အနေနဲ့ ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ ဖော်ပြထားပါတယ်။ 

ကရင်နီပြည် တစ်နေရာရှိ အဝင်ဆိုင်းဘုတ် တစ်ခု

“အခုက တိုက်ပွဲရယ်လို့တော့ မဟုတ်သေးဘူးဗျ။ စကစဘက်နဲ့ ထိတွေ့မှုတွေ ရှိနေတာပါ။ အဲ့တာကြောင့် စကစဘက်က ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တော့ လုံခြုံရေးအရပေါ့နော်။ အထူးသဖြင့် ပြည်သူလူထု လုံခြုံရေးအရ လောလောဆယ် ခေတ္တာ ပိတ်ထားတဲ့ သဘောပါပဲ” လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလူးရယ်က မောင်းကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့တုန်းက ကရင်နီပြည်၊ ဒီမော့ဆိုမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် ရှမ်းပြည်နယ်နဲ့ ကရင်နီပြည် အစပ်က ဖယ်ခုံမြို့ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၁ယောက် သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၈ရက်၊ ည ၇နာရီကျော်လောက်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ EPC ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရပြီး ကင်းအစောင့်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။
Read More

MNDAA ၏ ၂၀၂၅ ခုနှစ် အပတ်စဉ် (၁) အခြေခံ (တတိယတပ်ခွဲ) ဆင်းပွဲအခမ်းအနား…

ကိုးကန့်တပ်မတော် (MNDAA) ရဲ့မဟာမိတ်တပ်တော် စစ်ဦးစီးဌာန၊ စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ် အပတ်စဉ်(၁) အခြေခံစစ်သင်တန်း တတိယတပ်ခွဲ ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းမြို့နယ်ကို စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲလို့ နေအိမ်ပေါ် တည့်တည့်ကျပြီး ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နောင်ချို PDF တပ်ဖွဲ့မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ပြည်သူ့ပန်းတိုင်က ငွေကြေး ထောက်ပံ့ကူညီ

ရှမ်းပြည်မြောက်ပိုင်းက နောင်ချို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (နောင်ချို PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည်နယ်မှာ စစ်ကောင်စီ ထိုးစစ်မရပ်တန့်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ချိန်ညှိပြီး စစ်ဆင်ရေး လုပ်ဆောင်သွားမည်ဟု JCS ထုတ်ပြန် 

ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီက တိုက်ခိုက်မှုပြုလုပ်လာတဲ့အပေါ် မူတည်ပြီး စစ်ဆင်ရေးတွေကို လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) ကနေ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan ဖျော်ဖြေပွဲကနေ လက်မှတ်ရောင်းရငွေ ဂျပန်ယန်း သန်း ၆၀  ကျော်ရရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan တော်လှန်ရေးရံပုံငွေဂီတဖျော်ဖြေပွဲကို မေ ၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။