ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်ပါတယ်။

ကော့ကရိတ်မြို့နယ်၊ အစွန်းကျေးရွာကို မတ်လ (၅) ရက်နေ့ မနက်အစောပိုင်းမှာ အရပ်သားပြည်သူတွေ အိပ်မောကျနေချိန် အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter တစ်စီးနဲ့ တိုက်ပွဲမဖြစ်ပွားဘဲ လာရောက် ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အစွန်းကျေးရွာရှိ ပြည်သူနေအိမ် (၃) လုံး ဆိုးရွားစွာ ထိမှန်ပျက်စီးခဲ့ပြီး အသက် (၂၈) နှစ်အရွယ်နဲ့ (၆၂) နှစ် အရွယ် အမျိုးသမီး (၂) ယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မတ်လ (၄) ရက်နေ့ နေ့လယ်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter တစ်စီးနဲ့ ကော့ကရိတ်မြို့နယ်၊ ဘော့ဒိုင်း ကျေးရွာကို ဗုံးကြဲပစ်ခတ်ခဲ့ရာ ဘော့ဒိုင်း ကျေးရွာစာသင်ကျောင်း (၁) လုံး အပါအဝင် ရေတွင်း၊ ရေကန်နဲ့ ဆိုင်ကယ် (၁) စီး ထိမှန် ပျက်စီးခဲ့ပြီး အသက် (၁၅) နှစ်အရွယ် လူငယ်ယောကျ်ာလေး (၁) ယောက်နဲ့ (၃၆) နှစ် အရွယ် အမျိုးသမီး (၁) ယောက် ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးတွေ၊ ပြည်သူ့ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လိုက်လံဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ပျက်စီးခဲ့တဲ့ စာသင်ကျောင်းနှင့် ပြည်သူနေအိမ်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ပေါင်းတည်၊ ပန်းသင်းရွာက ပျူစောထီးကို ပစ်ခတ်ရှင်းလင်း…

ပဲခူးတိုင်း၊ ပေါင်းတည်းမြို့နယ်၊ ပန်းသင်းရွာမှာ ပြည်သူတွေကို ဒုက္ခပေးတဲ့ ပျုစောထီးဖြစ်သူ အေးမင်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁)၊ ကွပ်ကဲမှု အောက်ရှိ (၃၆၀၁) တပ်ရင်း တပ်ခွဲ (၂) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အရာရှိ ၂၂ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်း၀ရမ်းထုတ်

အာဂျင်တီးနားနိုင်ငံတရားရုံးက အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ မြန်မာစစ်တပ်က ထိပ်တန်းအရာရှိ ၂၁ ယောက်ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ - BROUK က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

လားရှိုးမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးတာတွေကို MNDAA က ရှင်းလင်းပြီး ပြန်တည်ဆောက်ကာ ဒဏ်ရာရသူတွေကို ဆေးကုပေးနေ

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်၊ ဟိုတယ်နဲ့ စျေးဆိုင် ပျက်စီးမှုတွေကို MNDAA က ရှင်းလင်းပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုပါ ဆေးဝါးကုသပေးနေတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ချင်းဒေသ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်ပြီဟု PDF Zoland ထုတ်ပြန်

ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland - People's Defence Force) အနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီနဲ့ ကာလရှည်ကြာတိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ချင်းဒေသရဲ့ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ကာ မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။