ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်က စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ရွာမှာ ဒေသခံတွေ ပြန်လည်အခြေမချနိုင်သေးသလို အာဟာရချို့တဲ့မှုနဲ့ ယားနာရောဂါတွေဖြစ်ပွား​နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်  ဒီဇင်ဘာလအတွင်း ရွာငံနဲ့ သာစည်မြို့နယ်အစပ်က မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ၂လနီးပါး ကြာမြင့်လာချိန်အထိ  ဒေသခံတွေဟာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်အခြေချနိုင်ခြင်း မရှိသေးပါဘူး။

မိသားစုဝင် ၁၇၀ ကျော်အထိရှိတဲ့ မင်းပလောင်ဒေသခံတွေဟာ လက်ရှိအချိန်ထိ တောတောင်တွေထဲမှာပဲ ဖြစ်သလိုနေထိုင်နေကြရတဲ့အတွက် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကြား အာဟာရချို့တဲ့မှုတွေရှိလာသလို ဖြုတ်၊ မှတ် စတဲ့ အကောင်တွေကိုက်လို့ ယားနာတွေဖြစ်နေကြတယ်လို့လည်း ရွာငံပကဖ တာဝန်ရှိသူ၁ယောက်က ပြောပါတယ်။

“အဲ့ရွာက အရမ်းကိုခေါင်ပါတယ်။ ကားလမ်းလည်းမပေါက်ပါဘူး။ ရှမ်းပြည်၊ ရွာငံဆိုပေမယ့် ရွာငံကိုလာဖို့ခက်တယ်။ မန္တလေးတိုင်း သာစည်နဲ့ ဆက်နေတော့ စျေးသုံးရင်တောင် သာစည်၊ ပျဥ်ညောင်ကိုပဲသွားဝယ်ကြရတာပါ။ အဲ့ဒါ စစ်တပ်က ရွာလုံးကျွတ် မီးဝင်ရှို့သွားခဲ့တယ်ပေါ့နော်။ ဒေသခံတွေ ငတ်ပြတ်အောင်ဆိုပြီး ရည်ရွယ်ချက်ရှိရှိနဲ့ စပါးကျီတွေပါ တစ်အိမ်တက်ဆင်း မီးရှို့သွားတယ်လို့ပြောရမယ်။ နဂိုကမှ လယ်လုပ် သစ်ခုတ်စားကြတာဆိုတော့ ရွာက ဆင်းရဲတယ်။ အခုထိ အလှူရှင်တချို့တလေရဲ့ အကူအညီနဲ့ပဲ စားနေကြရတာပါ။ အခုတော့ ရွာနီးချုပ်စက် တောထဲမှာပဲ တဲထိုးနေကြတယ်။ ရွာကိုလည်းမပြန်ရဲကြဘူး။ ရွာကလည်း မီးလောင်ပြင်လိုဖြစ်နေပြီ။ ” လို့ ရွာငံပကဖ တာဝန်ရှိသူ၁ယောက်က မောင်းကို ပြောပါတယ်။

သူကပဲဆက်လက်ပြီး “ယားနာတွေဖြစ်တယ်ဆိုတာကလည်း တောထဲမှာ​ နေကြရတာလေ။ အဲ့တော့ သစ်ပင်ချုံနွယ်တွေနဲ့ နေရတာ၊ ဖြုတ်တွေ မှတ်ဆိုတဲ့ကောင်တွေ ကိုက်တာခံရတယ်။ အဲ့လိုကနေဖြစ်ကြတာပါ။ အဲ့အကောင်တွေကိုက်ပြီး ရေချိုးလိုက်ရင်ပျောက်ပေမယ့် ချိုးပြီးလည်းပြန်ကိုက်တော့ဖြစ်ကြတာပါ။ ကျနော်တို့လည်း မိုးကာတွေ၊ စောင်တွေတတ်နိုင်သလောက်ကူပေးပါတယ်” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့မှာ တပ်မ ၅၅ ကလောအခြေစိုက် စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းသုံး ဝင်ရောက်ရင်း မင်းပလောင်ရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာလို့သိရပါတယ်။

အင်အား၁၀၀ကျော်ပါ အကြမ်းဖက်စစ်ကြောင်းဟာ မင်းပလောင်ကျေးရွာအတွင်းက ရွှေ၊ ငွေ အပါအဝင် တန်ဖိုးကြီးပစ္စည်းတွေကို တစ်အိမ်တက်ဆင်း ခိုးယူရင်း မီးစက်၊ လယ်ယာသုံးထွန်စက်၊ စပါးကျီနဲ့အိမ်ခြေ ၁၇၀ကျော်ကို မီးတင်ရှို့ခဲ့တယ်လို့လည်း သိရပါတယ်။ 

ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့လည်း အလှူရှင်တွေရဲ့ ကူညီမှုနဲ့အတူ မင်းပလောင်ဒေသခံမိသားစုတွေအတွက် စောင်အပါအဝင် အကူအညီအထောက်အပံ့တချို့ ပေးထားပေမယ့် ဆေးဝါး၊ ခြင်ထောင်နဲ့ စားနပ်ရိက္ခာ လိုအပ်မှုတွေရှိနေသေးတယ်လို့ သိရပါတယ်။

မင်းပလောင်ရွာ မီးရှို့ဖျက်ဆီး မခံရခင် နှင့် မီးရှို့ခံထားရပုံ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ပဲခူးအနောက်ခြမ်း တော်လှန်ရေးတပ်ဖွဲ့များထံ ပျူ ၁ ဦးနှင့် စစ်သား ၂ ဦး အလင်းဝင်လာ

ပဲခူးအနောက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေထံကို ပျူစောထီး ၁ ယောက်နဲ့ စစ်သား ၂ ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ…

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီး ၁ ယောက်အပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ - PK Police က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်သားများ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကစဉ့်ကလျား ပြိုလဲကာ AA ထံ လက်လွှတ်လိုက်ရသည့် မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့က လက်ကျန်တပ်ဖြစ်တဲ့ အမှတ် (၅) နယ်ခြားစောင့်တပ် (နခခ-၅) ကို သိမ်းပိုက်နိုင်ပြီးတဲ့နောက်မှာ အရက္ခတပ်တော် (AA) က မောင်တော တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ 
Read More

တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့မိကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်း ဝန်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်မိုးပေါ်ထောင်ကာ ပစ်ခတ် တားဆီးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဒီနေ့မှာ ဝန်ခံပြောဆိုလိုက်ပါတယ်။
Read More

နပခ ရဲ့ ယာယီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ​သေပြီဟု ဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာယီ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ အမ်းမြို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။