မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ အင်အား (၂၀၀)ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်မှာ Myingyan Black Tiger (MBT) တပ်ဖွဲ့နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ရှုံးစစ်ကောင်စီတပ်ဟာ ရေစကြိုမြို့ပေါ်နဲ့ ပခုက္ကူမြို့ပေါ်က​နေ တပ်အင်အား အလုံးအရင်း ပြန်လည်ဖြည့်တင်းကာ ရေစကြိုမြို့နယ်ရှိ မဂ်လာခြံရွာ၊မြေစွန်းတော်ရွာနဲ့ ရွာသစ်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်ကနေ မတ်လ ၅ ရက်အထိ Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ဖေဖော်ဝါရီလ ၂၈ ရက်၊ မတ်လ ၂ရက် အပါအဝင် မနေ့က မတ်လ ၅ ရက်အထိ ရေလယ်ကျွန်းဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ MBT က ဆိုပါတယ်။

၈ ရက်ကြာ စစ်ရေးတင်းမာမှုအပြီး မတ်လ ၅ ရက် မနေ့က ဇရပ်နီကျေးရွာ မြောက်ဘက်မှာ MBT တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး MBT တပ်ဖွဲ့ရဲ့ ဌာနချုပ် တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၅ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ မိနစ် ၃၀ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း MBT က ဆိုပါတယ်။

MBT တပ်ဖွဲ့အနေနဲ့ ခဲယမ်းပြတ်တောက်မှုနဲ့ မဟာမိတ်တပ်တွေ စစ်ကူလာဖို့ လမ်းကြောင်းခက်ခဲမှုတို့ကြောင့် ဌာနချုပ်တပ်စခန်းကို စစ်ကောင်စီတပ်ဆီ ဆုံးရှုံးခဲ့ရပေမယ့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၁၀) ယောက်ထက်မနည်း ရှင်းလင်းနိုင်ခဲ့သလို ပြည်သူတွေ အန္တရာယ်ကင်းစွာ ရှောင်တိမ်းနိုင်အောင့ ခုခံကာကွယ်နိုင်ခဲ့တယ်လို့ MBT က ဆိုပါတယ်။

အပြစ်မဲ့ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တဲ့ စစ်ကောင်စီတပ်ဆီကနေ ထိုက်တန်တဲ့ သွေးကြွေး ပြန်လည်း ရယူနိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ ရေစကြိုမြို့နေ ပြည်သူလူထုကို ကတိပြုကြောင်း MBT က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲက ရှေ့တန်းကင်းစခန်းတချို့ကို ကရင်နီတပ်ပေါင်းစု ပြန်လည်သိမ်းပိုက်ရရှိ…

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က လက်လွတ်ထားရတဲ့ ရှေ့တန်းကင်းစခန်းတချို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ ကင်စခန်းတချို့ ပြန်လည်ရရှိခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ စစ်ဒေသခွဲ အသီးသီးကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူ၊ ကမ္မမြို့အရှေ့ဘက်ရှိ ရှင်မကန်ပျူစောထီးစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အရှေ့ဘက်က ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စခန်းရှိရာရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်အုပ်စုဘက်ထိခိုက်မှုတွေရှိကြောင်း Cobra One တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မင်းအောင်လှိုင်တက်ခဲ့တဲ့ အားကစားပွဲတွေက AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဂုဏ်ပြုနေတာလား…

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်အတွင်းက မြို့တွေကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နေချိန်မှာ၊ တိုင်းပြည်ကို အေးချမ်းနေသယောင် ဖန်တီးလိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ AA တပ်တွေကို ဂုဏ်ပြုနေသလားလို့ မေးခွန်းထုတ်ရလောက်အောင် ပျော်ပွဲရွှင်ပွဲတွေကို အဆက်မပြတ် တက်ရောက်နေပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆော-ကျောက်ထု-မင်းတပ်လမ်းပိုင်း မြေပြိုမှု ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆော-ကျောက်ထု-မင်းတပ် လမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထိခိုက်သေဆုံးမှု များပြားနေသည့် စစ်အုပ်စု မူးယစ်ဆေးသမားများကို ပိုက်ဆံပေးပြီး မြို့ပေါ် မိုင်းခွဲခိုင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မြို့နယ်အသီးသီး၊ နေရာအသီးသီးမှာ ထိခိုက်သေဆုံးမှုတွေ များလာတာကြောင့် မူးယစ်ဆေးသမားတွေကို ပိုက်ဆံပေးပြီး မြို့ပေါ်မှာ မိုင်းခွဲခိုင်းတာမျိုးတွေ လုပ်လာတယ်လို့ ဖားကန့်မြို့ခံတချို့က ပြောပါတယ်။
Read More

ဒေါက်တာတေဇာဆန်းနဲ့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေရဲ့ ရေနွေးကြမ်းစကားဝိုင်း…

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။