ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။

စစ်မှုထမ်းဖို့ အပါအဝင် အကြောင်းမဲ့ လူငယ်တွေကိုဖေဖော်ဝါရီလအတွင်း အဓိက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မတ်လ ၅ ရက်မနေ့က ဖမ်းဆီးခံရမှုအခြေအနေကို ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းထဲက ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နဲ့ အလုံ စတဲ့မြို့နယ်တွေမှာ ဖမ်းဆီးခံရမှုအများဆုံးရှိခဲ့တာပါ။

ရန်ကုန်တိုင်းမှာ အရပ်သားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ် ၉၆ ခု ရှိခဲ့ပြီး အဲဒီအထဲက ဖြစ်ရပ် ၇၀ ကို အတည်ပြုနိုင်ခဲ့ပေမဲ့ ၂၆ ခုကိုဆက်လက်အတည်ပြုစုံစမ်းနေတယ်လို့လည်းဆိုပါတယ်။

အထူးသဖြင့် အသက် ၁၈ နှစ်လောက်ကနေ အသက် ၄၀၀န်းကျင်ရှိတဲ့ လူငယ်လူရွယ်တွေ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

Rangoon Scout Network (RSN) က နီးစပ်ရာ အဖွဲ့အစည်းတွေနဲ့ မြေပြင်သတင်းအချက်အလက်တွေကိုစာရင်းပြုစုပြီးထုတ်ပြန်လိုက်တာပါ။

ဖမ်းဆီးခံရတဲ့လူငယ်အများစုဟာ မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်နေသလို မိသားစုဝင်အချို့က ရဲစခန်းမှာ လူပျောက်အမှုဖွင့်တိုင်ကြားမှုတွေရှိခဲ့ပေမယ့် ထူးခြားမှုတော့ မရှိခဲ့ပါဘူး။

RSN က ထုတ်ပြန်ခဲ့သည့် အချက်အလက်များ (ဓာတ်ပုံ RSN)

0 Shares:
You May Also Like
Read More

သထုံခရိုင်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်က စစ်ကောင်စီတပ်ရဲ့ ရွှေဂူတံတားစစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေပြီး ၄ ယောက် အရှင်မိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ် - သရက်ချောင်းလမ်းပိုင်းပေါ်က စစ်ကောင်စီတပ် ရွှေဂူတံတားစစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေပြီး ၄ ယောက် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဇန်နဝါရီလ ၃၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထပ်မကျူးလွန်ရန် သတိပေးထားသည့် မူးယစ်ဆေးရောင်းဝယ်သူ စစ်တပ်သတင်းပေးသူလျှိုကို ကော့သောင်း ပကဖ ရှင်းလင်းခဲ့

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ ပြစ်မှုတွေ ထပ်မကျူးလွန်ဖို့ သတိပေးထားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူ၊ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းပေးသူလျှိုကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေနံချောင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ယော​က်သေ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ပြီး အရပ်သားပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေ လုယက်သယ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ထုတ်ပြန်လာ

မြန်မာနိုင်ငံမှာ လက်နက််ကိုင်တော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတို့မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီး စစ်အုပ်စုကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တင်းတင်းပြည့်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မနေ့က ညပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People’s Liberation Army - PLA က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေမလုံလောက်မှုကြောင့် အိုးဘိုထောင်က အကျဉ်းကျခံထားရသူများ အရေပြားရောဂါ ဆိုးဝါးစွာခံစားနေရ

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာ ရေလုံလောက်မှု မရှိတာကြောင့် ထောင်အတွင်းက အကျဉ်းသား၊ အကျဉ်းသူတွေဟာ ယားနာဖြစ်ပွားပြီး အရေပြားရေးဂါကို ဆိုးဝါးစွာ ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။