စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကို ပန်းရံကျေးရွာ ပျူစောထီးစခန်းကနေ ရိက္ခာ လာထုတ်တဲ့ ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးတွေ ထိခိုက်မှုတွေ ရှိတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ထုတ်ပြန်ထားပါတယ်။

မတ်လ ၅ ရက် မနေ့က ပန်းရံပျူစောထီးရွာက ပျူစောထီးကျော်ဝင်း ဦးဆောင်ပြီး ရွှေဘိုမြို့တွင်း သွားရောက်ရိက္ခာထုတ် ပြန်လာတာကို ကြိုတင်သတင်းရတာကြောင့် တော်လှန်ရေးတပ်တွေ ပူးပေါင်းကင်းပုန်းဝပ်ကာ ရွှေဘို-ရေဦးလမ်းအရောက် ဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ကားပေါ် လိုက်ပါလာတဲ့ ပျူစောထီးတွေ ထိခိုက်မှု များပြားခဲ့ပြီး စီးနင်းလာတဲ့ကားကို လမ်းဘေးမှာ စွန့်ပစ်ကာ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားသလို အဆိုပါကားကတော့ စုတ်ပြတ် ပျက်စီးသွားခဲ့တာကြောင့် ရွှေ့ပြောင်းနိုင်ဖို့ မလွယ်ကူတော့ဘဲ မှတ်တမ်းတွေ ရယူ၊ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်မှုများနိုင်ပြီး အတိအကျကို စုံစမ်းနေဆဲဖြစ်သလို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်(၁) ယောက် စစ်ကောင်စီတပ် နင်းမိုင်းထိပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့(PDO)၊ တိုက်နယ်(၅)ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း ၄ နဲ့ နယ်မြေခံပကဖ တို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ကူညီပံ့ပိုးသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူမည်ဟု KNU တပ်မဟာ ၆ သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ကူညီပံ့ပိုးမှုတွေ လုံး၀ မပြုလုပ်ဖို့ ကရင်အမျိုးသားအစည်အရုံး (KNU) တပ်မဟာ ၆ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ကျိုက်ထိုနဲ့ သထုံမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ပျက်စီးပြီး အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ထိခိုက်ပျက်စီးကာ အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦး-မြင်းခြံလမ်းပေါ်က ပြည်သူ့စစ်များ နေထိုင်သည့်ရွာကို ဝင်ရောက်စီးနင်းရင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်ပြည်သူ့စစ်တွေ နေထိုင်တဲ့ ညောင်ဦး-မြင်းခြံလမ်းပေါ်က ဆင်ဖြူ ကျေးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုတွေထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

တပ်သားသစ်တွေ ထွက်ပြေးလို့ လိုက်ရှာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ တပ်သားသစ် ၃ ယောက် ထွက်ပြေးတာကို လိုက်ရှာစဉ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်လာပါတယ်။