မကွေးတိုင်း ပခုက္ကူမြို့ တပ်မ ၁၀၁ ဌာနချုပ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သား မျိုးမင်းအောင် ကို သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ Burma Revolution Rangers ထံက သိရပါတယ်။

မိတ္ထီလာမြို့ဘက်ကနေ ပခုက္ကူတပ်မ ၁၀၁ သို့ အပို့ခံရပြီး ထွက်ပြေးလာတဲ့ တပ်သားမျိုးမင်းအောင်ကို ယနေ့ မတ်လ ၆ ရက် ယနေ့နံနက်ပိုင်းမှာ သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ သိရပါ တယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံ့ အရပ်သားပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်ပြီး စစ်မှုထမ်းစေခိုင်းမှုတွေရှိနေတဲ့အတွက် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဆက်သွယ်အလင်း ဝင်ကြဖို့ Burma Revolution Rangers တပ်ဖွဲ့မှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်မှာ စစ်ကော်မရှင်ထုတ်ကုန်များနဲ့ ပြည်သူများကို ဝါဒမှိုင်းတိုက်နေတဲ့ အနုပညာရှင်တွေကို Boycott လုပ်ဖို့ နှိုးဆော်တိုက်တွန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စျေးတန်းတစ်ခုမှာ စစ်ကော်မရှင်ရဲ့ ထုတ်ကုန်တွေကို မသုံးစွဲဖို့နဲ့ စစ်ကော်မရှင်ကို ထောက်ပံ့ပြီး ပြည်သူများကို ဝါဒမှိုင်းတိုက်နေတဲ့ အနုပညာရှင်တွေကို Boycott လုပ်ဖို့ နှိုးဆော်တိုက်တွန်းခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ယနေ့ ထုတ်ပြန်ထားပါတယ်။ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစုနှင့် ဘုတလင်မြို့နယ်သပိတ်အင်အားတို့ ပူးပေါင်းပြီး စစ်တပ်ထုတ်ကုန်တွေနဲ့ စစ်တပ်လက်အောက်ခံ အနုပညာရှင်တွေကို Boycott လုပ်ဖို့ ပြည်သူများကို တိုက်တွန်းခဲ့ကြပါတယ်။
Read More

ဒရုန်းပျံဖို့ စမ်းသပ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ‌ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချနှိမ်နင်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်မှ ဇန်နဝါရီ ၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။ မှတ်တမ်းရုပ်သံဖိုင်အတွင်း ကျေးရွာတစ်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခြေမှုန်းခဲ့သလို ဒရုန်းပျံသန်းဖို့ စမ်းသပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကိုလည်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
Read More

S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဆောက်လုပ်ထားသည့် မြေအောက်စာသင်ကျောင်းဆောင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ဆောက်လုပ်ထားတဲ့ မြေအောက်စာသင်ကျောင်းဆောင်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံထုတ်ပြန်ခဲ့ပါတယ်။
Read More

ကမ္မရဲစခန်းထဲ ဗုံးသီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းထဲကို ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Three Brother Defence Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး ၂ ယောက်သေဆုံးကာ ၁၂ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၅၄/၀ မှာ ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၅ နာရီဝန်းကျင်က ခရီးသည်တင်ယာဉ် ၁ စီး တိမ်းမှောက်ပြီး ခရီးသည်အမျိုးသမီး ၂ ယောက် သေဆုံးကာ ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ချေမှုန်း၊ စစ်သားနှင့် ပျူ ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွာကျေးရွာကြားရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Anyar Federal Task Forceမှ သတင်းထုတ်ပြန်ထားပါတယ်။