မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ ပျူစောထီး ပူးပေါင်းအထိုင်ချဂိတ်စခန်းကို မတ်လ ၄ ရက် မနေ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။

ဗုံးသီးပေါက်ကွဲပြီး ဂိတ်စခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၂ ယောက်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း ဒရုန်းတပ်ဖွဲ့နဲ့ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကမ္ဘောဒီးယားစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်များ ထိုင်း Phanom Dong Rak ဆေးရုံသို့ ကျ‌ရောက်ပေါက်ကွဲ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိုင်းဘက်ခြမ်းရှိ Phanom Dong Rak ဆေးရုံသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထိုင်းသတင်းဌာန တွေက ‌ဖော်ပြပါတယ်။
Read More

ကနီမြို့အနီး တိုက်ပွဲတွင် အထိနာနေသည့် စစ်ကော်မရှင်တပ်သားများကို လက်နက်ချရန် ဖိတ်ခေါ်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့အနီး အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး အထိနာနေစဉ် လက်နက်ချဖို့ ဖိတ် ခေါ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပကဖ အသံက ထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြိုသိမ်း စစ်ဆင်ရေးတွင် ချင်းညီနောင်နှင့် မဟာမိတ်အဖွဲများမှ ဖမ်းဆီးရမိသော ပြည်သူ့စစ်မှုထမ်း (ပစ) များ၏ ထွက်ဆိုချက်များ (ရုပ်/သံ)

"ကျနော်တို့ ထွက်မပြေးနိုင်ရင်တောင်မှပဲ ဒီလိုလက်နက်ချဖို့ အခွင့်အရေးကြုံလာခဲ့တာတောင်မှ လက်နက်ချလို့ရှိရင် အထက်က လူတွေက လက်နက်ချတဲ့ လူမှန်သမျှ ပစ်သတ်မယ်လို့ ပြောလို့ ခြိမ်းခြောက်ခဲ့လို့ ကျနော်တို့ လက်နက်မချခဲ့ရတာပါ။ သူတို့နဲ့လည်း ကွဲလာရော လက်နက်ချနိုင်ခဲ့ပါတယ်''
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲပြီး တိုက်ခိုက်ခံရမှုကြောင့် ၇ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ၁၈ ရက်ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's Defence Force -Yenangyaung အဖွဲ့ထံက သိရပါတယ်။
Read More

ရေဖြူတွင် ပစ္စည်းခိုး မီးရှို့နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်တာ တိုက်ပွဲဖြစ်၊ စစ်သားအများအပြား သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပစ္စည်းခိုးယူ မီးရှို့ဖျက်ဆီးနေတဲ့ အင်အား ၂၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမှာ စစ်ကြောင်းထိုးတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲ၊ အများအပြား ထိခိုက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာ သဲလမ်းရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၉ ရက်ကနေ ၃၁ ရက်အထိ ၃ ရက်တာ ဒရုန်းနဲ့ ဗုံးသီးကြဲ ချတိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။