မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ ကနေ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို ဗုံးကြဲဖို့ တက်လာတဲ့ စက်တပ်လေထီး Paramotor ၂ စီးကို တော်လှန်ရေရဲဘော်တွေက ပွိုင့်-၅ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်မောင်းအကြမ်းဖက်စစ်သား ၁ ယောက် ပေါင်ကျည်ထိမှန်ဒဏ်ရာရရှိသွားကာ ဒဏ်ရာပြင်းထန်ကြောင်းနဲ့ ဖြတ်တောက်ရဖို့အထိ ရှိကြောင်း အတွင်းသတင်းအရ သိရတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကို အသိ၊ သတိရှိကြဖို့ မြိုင်ပကဖ က အသိပေးနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့က စစ်ကောင်စီအထိုင်ချစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ သိမ်းယူနိုင်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

KIA ထိန်းချုပ်ထားသည့် မန်ဝိန်းကြီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစခန်းကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် 'TRIဗျူဟာ' သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း မှတ်တမ်းရုပ်သံကို အမှတ် -၁၂၂၂ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

လမ်းသွားပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး ဘန်ကာတွေကို ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကျွန်းစုမြို့နယ်အတွင်း အိမ်စီးကားဖြင့်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၅ ဦး သေကာ ၃ ဦး ဖမ်းမိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း အိမ်စီးကား ၂ စီးနဲ့ လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးပြီး ၃ ယောက်ကို အရှင်ဖမ်းဆီးမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။