တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ “Phyu Phyu In Korea ” Concert ဂီတဖျော်ဖြေပွဲကနေ မြန်မာငွေကျပ် သိန်းပေါင်း ၆၈၀၀ ခန့်အထိ ရရှိခဲ့ပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို ထိရောက်စွာ ပေးပို့လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။

“Phyu Phyu In Korea ” Concert ပွဲကြီးကို မတ်လ​ (၁)ရက်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းနဲ့အတူ တောင်ကိုးရီးယားရောက် မြန်မာပြည်သူတွေ ပါဝင်အားဖြည့်မှုတွေကြောင့် ကိုရီးယားဝမ်ပေါင်း ၂၂၉,၅၇၅,၅၀၀ (မြန်မာငွေ သိန်းခြောက်ထောင့်ရှစ်ရာခန့်)  ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁) ရက်နေ့က ကိုရီးယားနိုင်ငံမှာ ပရိသတ်တွေ  ရုံပြည့်ရုံလျှံ အားပေးခဲ့တဲ့ “Phyu Phyu In Korea” Concert ပွဲက ရရှိတဲ့ ငွေကြေးတွေကို ပြည်သူတွေအတွက် လိုအပ်တဲ့  ကဏ္ဍအသီးသီးကို ထိရောက်စွာ ထောက်ပံ့ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဖြူဖြူကျော်သိန်းရဲ့ ဂီတဖျော်ဖြေပွဲကို တောင်ကိုရီးယားရောက်မြန်မာတွေအပြင် စင်္ကာပူ၊ ဂျပန်၊ တရုတ်နဲ့ သြစတေးလျ နိုင်ငံတွေက မြန်မာတွေပါ နိုင်ငံကူးပြီး လာရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။

ဖြူဖြူကျော်သိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ဥရောပနိုင်ငံတချို့မှာ ဖျော်ဖြေမှုအချို့ ပြုလုပ်ခဲ့ပြီး သူရဲ့ ဖျော်ဖြေပွဲတွေ ပြီးဆုံးတိုင်း မြန်မာပြည်မှာ ပရိသတ်တွေနဲ့ အတူတူ ပြန်ဆုံပြီး ခမ်းနားတဲ့ ဖျော်ဖြေပွဲတစ်ခု ပြုလုပ်မယ်လို့ မကြာခဏ ပြောဆိုလေ့ရှိပါတယ်။

(ဓာတ်ပုံ  ‘Phyu Phyu in Korea’ page)

0 Shares:
You May Also Like
Read More

အမရပူရတွင် စစ်တပ်အလိုကျ ပြည်သူဆီက စစ်မှုထမ်းကြေး ကောက်ခံနေသည့် ရာအိမ်မှူး ရှင်းလင်းခံရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်က ရာအိမ်မှူး ဦးယုကြိုင် ဆိုသူဟာ စစ်ကော်မရှင်အလိုကျ ပြည်သူတွေဆီကနေ စစ်မှုထမ်းကြေးကောက်ခံပေးနေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ အမရပူရမြို့နယ် ပလဖ ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့မှ TNLA ဆုတ်ခွာပေးရသည့်တိုင် တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ အကြမ်းဖက်စစ်တပ်ကို ဆက်လက်တိုက်ပွဲဝင်မည်ဟု မိုးကုတ်ဗျူဟာ အသိပေး

တရုတ်ရဲ့ ကြားဝင်မှုနဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA က အကြမ်းဖက်စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲကာ မိုးကုတ်မြို့က TNLA တပ်ဖွဲ့ဝင်တွေကို ပြန်လည်ဆုတ်ခွာပေးဖို့ သဘောတူလိုက်ရပေမယ့် မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ ဆက်လက်‌တော်လှန်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

Sample Blogမူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ (၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ထာ၀ရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ မင်းအောင်လှိုင် စိတ်ထဲကမပါဘဲ ပြော

နိုင်ငံတစ်ဝန်းမှာ  လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာ၀ရ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။  
Read More

အုတ်ဖိုမှာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျောင်းစုရွာမှာ နေထိုင်တဲ့ ငရှည့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး နိုင်ဦးဆိုသူဟာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့ ငရှည့်ရိုးရွာ အလှူမှာ ရောက်ရှိနေတယ်လို့ သတင်းရရှိတာကြောင့် သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ထံက သိရပါတယ်။
Read More

စစ်တပ် မြန်မာ့နိုင်ငံရေးမှ ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးဟာ မဖြစ်နိုင်ဘူးဟု ဒုဗိုလ်ချုပ်ကြီး ရာပြည့် ပြော

စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးက ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးတွေဟာ မဖြစ်နိုင်ဘူးလို့ အာဏာသိမ်းစစ်တပ်ရဲ့ အမည်ခံ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ဦးဆောင်နေတဲ့ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားလိုက်ပါတယ်။