မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅၈) တပ်ရင်းက စစ်ကောင်စီတပ်သား ၄ ယောက်ဟာ ခဲယမ်းတွေနဲ့တကွ အလင်းဝင်လာတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာ ရေစကြိုမြို့နယ် ခလရ (၂၅၈) တပ်ရင်းက စစ်ကောင်စီတပ်သား ၄ ယောက်က ဗုံးသီးနဲ့ ကျည်တွေ ယူဆောင်လာပြီး ရေစကြိုပကဖ ဆီ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ စစ်ကိုင်းတံတားပေါ်နဲ့ အခြားနေရာတွေမှာ ခရီးသွားရင်း စစ်ကောင်စီတပ်ရဲ့ တပ်သားသစ်စုဆောင်း ပေါ်တာဆွဲခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုချိန်မှာတော့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ သူတို့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိကာ နေရပ်ကို ပြန်လည်ရောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

PDF နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃)နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ပြီလို့ ဒီနေ့ ဩဂုတ်လ ၂၇ရက်မှာ သက်ဆိုင်ရာ တပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄၀ နီးပါး သေဆုံးခဲ့ရ

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါးသေဆုံးပြီး ရှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ Reliefweb  အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာသည် စစ်အုပ်စု အရာရှိအဆင့်အပါ ၆ ဦး မိုင်းဆွဲခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာတဲ့ စစ်အုပ်စုအရာရှိအဆင့်အပါ ၆ ​ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ဆီမီးခုံမြို့မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက် ပစ်ခတ်ရာ ၂ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ…

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ MP-9 PDF က ထုတ်ပြန်ထားပါတယ်။
Read More

ကနီမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူ ၃ ယောက်အပါ ၅ ယောက် သေဆုံးမှု NUG ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကား ကျေးရွာမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသားကျောင်းသူ ၃ ယောက်အပါ ၅ ယောက် သေဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ငွေညှစ်နေသည့် စစ်အုပ်စု အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၅ ဦး ထိခိုက်

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာ လမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုတွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း Chindwin Attack Force က ထုတ်ပြန်ပါတယ်။