ရုရှားနိုင်ငံ မော်စကိုမြို့မှာ မတ်လ ၄ ရက်က ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံစဉ်အတွင်း ၁၈၃၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ မဟာဘိသက္ကပဏ္ဍိတဘွဲ့ခံ ပါဠိဆရာကြီး ဦးစော ရေးသားတဲ့ ဦးအောင်ဇေယျ အတ္တုပတ္တိစာအုပ်ကို ကိုးကားပြီး ပူတင်ကို ဗျာဒိတ်တော်လာကြွက်မင်းအဖြစ် မင်းအောင်လှိုင်က သုံးနှုန်းခဲ့ပါတယ်။

“သောမကြွက်ဖြူမင်းသည် မြေဆီမြေဥ များကို တူးယူခဲ့၍ ထိုမြေဆီမြေဥတိုဖြင့် မြတ်စွာဘုရား အား ပူဇော်သက္ကာရပြုလေသည်။ ဤသို့ ပူဇော်သည် ကို မြတ်စွာဘုရား ခံယူတော်မူ၍၊ ပြုံးတော်မူသည်။ ပြုံးတော်မူသည့်အကြောင်းကို ညီတော် အာနန္ဒာက လျှောက် ကြားသော်- မြတ်စွာ ဘုရားက ချစ်သား အာနန္ဒာ- ဤသောမကြွက်မင်းသည် ငါဘုရားသာသနာတော် အနှစ် ၂၀၀၀ ကျော်သောအခါ ပါပမင်းတို့လက်ထက် သိုးဆောင်း ၁၂ မျိုးတို့တွင် ရုရှားလူမျိုးဖြစ်လတ္တံ့။ ထိုရုရှားလူမျိုးမင်းသည် လက်နက်စကြာအမျိုးမျိုးကိုတတ်မြောက်၍ လက်နက် စကြာရှင်ဖြစ်လတ္တံ့။ ထိုလက်နက်ရှင်ဖြစ်သော ရုရှားမင်းသည် အပရန္တတိုင်းကြီးရှင် မြန်မာဘုရင်တို့နှင့် ချစ်ကြည်သော မဟာမိတ်ဖြစ်လတ္တံ့”ဟူသော စကားကို ကိုးကားပြီး ယခုတွေ့ဆုံမှုဟာ မြန်မာဘုရင်နဲ့ ရုရှားဘုရင် တို့ရဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ ဆိုပါတယ်။

ယခုအခါ မြတ်စွာ ဘုရားရှင်ရဲ့ သာသနာတော်ဟာ သာသနာနှစ် ၂၅၀၀ ကျော်လာပြီဖြစ်ပြီး ရုရှားနိုင်ငံဟာလည်း လက်နက်အရာနဲ့ ပတ်သက်ပြီး ကမ္ဘာထိပ်တန်းအဆင့်ကို ရောက်ရှိနေတဲ့အတွက် မြတ်စွာဘုရားရှင်ဟာ ဗျာဒိတ်က ထူးထူးခြားခြား တိုက်ဆိုင်နေတာ အံ့ဩဖွယ် မှန်ကန်နေတာ တွေ့ရတယ်လို့ မင်းအောင်လှိုင်က ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အနောက်ပိုင်း ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မောင်းပြေးသည့် ကားကို ယာဉ်ထိန်းရဲ တွဲလောင်းခိုဖမ်းဆီးသည့် ဗီဒီယိုဖိုင် လူစိတ်ဝင်စားမှု မြင့်တက် (ရုပ်/သံ)

ရန်ကုန်မြို့ ပါရမီလမ်းမပေါ်မှာ စက်တင်ဘာ ၂၅ ရက် မနေ့ညပိုင်းက ယာဉ်စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ မရပ်ပေးဘဲ မောင်းပြေးတဲ့ ကားကို တွဲလောင်းခိုဖမ်းဆီးခဲ့တဲ့ ယာဉ်ထိန်းရဲတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ကို လူစိတ် ဝင်စားမှု မြင့်တက်နေပါတယ်။ 
Read More

ဒေသတခုချင်းလွတ်မြောက်ရေးမှသည် ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးသို့ ဆက်လက်ချီတက်ကြပါစို့ (ရုပ်/သံ)

ဒီနေ့မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းရုပ်သံတစ်ခုကို လူမှုကွန်ရက်ကနေမျှဝေခဲ့ပါတယ်။
Read More

မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာလမ်းမကြီးဘေးရှိ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားသုံးဖျက်ဆီး (ရုပ်သံ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာ လမ်းမကြီး အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းပိုင်မြေဟုဆိုကာ မတ်လ ၄ ရက် ကနေ မတ်လ ၆ ရက်အထိ မြေကော်ယာဉ်နဲ့ ဘူဒိုဇာတွေအသုံးပြုပြီး ဖျက်ဆီးခဲ့ တယ်လို့ 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် ကြိုးတန်းရွာကို မီးရှို့ပြီး ပြန်လာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား (ရုပ်သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကြိုးတန်းရွာကို မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ Ayar Daung အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ တောင်သုံးလုံးစခန်းနဲ့ ကဆောမဲ (ဆင်စွယ်) စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေက စစ်ကောင်စီတပ်ရဲ့ တောင်သုံးလုံးစခန်းနဲ့ ကဆောမဲ (ဆင်စွယ်)စခန်းတွေကို အမှတ် (၅) တပ်မဟာ  KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။