တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ကနေ ထားဝယ်မြစ်ကြောင်းအတိုင်း ကွန်တိန်နာသင်္ဘောနဲ့ စုန်ဆင်းလာတဲ့ စစ်မှုထမ်းသင်တန်းသားတွေနဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လ ၄ ရက်‌ ညနေပိုင်းမှာ ထား၀ယ်မြို့ကနေ ထား၀ယ်မြစ်ကြောင်းအတိုင်း ကွန်တိန်နာသင်္ဘောနဲ့ စုန်ဆင်းလာတဲ့ စစ်မှုထမ်းသင်တန်းသားတွေနဲ့ သူတို့ကို ပို့ဆောင်ဖို့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-DDT အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ထား၀ယ်မြစ်‌ကြောင်းအတွင်း တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် အရေအတွက်အတိအကျကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထား၀ယ်မြစ်ကြောင်းအတွင်း ရေကြောင်းအသုံးပြုသွားလာ‌နေတဲ့ စစ်ကောင်စီတပ်ကို အချိန်မရွေး ၊ နေရာမရွေး ပစ်မှတ်ထားတိုက်ခိုက် ချေမှုန်းနေတယ်လို့လည်း လောင်းလုံးမြို့နယ် ပကဖ က ဆိုပါတယ်။

ဒါကြောင့် ထား၀ယ်မြစ်ကြောင်းအတွင်း သွားလာလှုပ်ရှားနေတဲ့ တံငါသည်တွေ၊ ငါးဖမ်းစက်လှေတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပက်သက်ဆက်နွယ်တာ ၊ စစ်ကောင်စီတပ်သားတွေကို တင်ဆောင်သွားလာတာတွေ မပြုလုပ်ကြဖို့ အထူးသတိပေးကြောင်း လောင်းလုံးမြို့နယ် ပကဖက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် အရွှေ့အပြောင်းအတွက်ဖြစ်‌ဖြစ်၊ စစ်ကူပို့တာဖြစ်ဖြစ် စစ်ကောင်စီတပ်ကို တင်ဆောင်သွားလာရင် တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်ကို ပစ်မှတ်ထားတိုက်ခိုက် ချေမှုန်းသွားမယ်လို့လည်း လောင်းလုံးမြို့နယ် ပကဖ က သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ယောဗျူဟာက ဂန့်ဂေါခရိုင် တပ်ရင်း ၅ ရင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်နက်တပ်ဆင် (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက် ယောဗျူဟာက ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ တပ်ရင်းတွေအနေနဲ့ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ ဗျူဟာဖွဲ့စည်းခဲ့ပြီး ဗျူဟာအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စနိုက်ပါ စစ်သားနှင့် ပျူစောထီး၏သား အချင်းချင်း ဆိုင်ကယ်တိုက်မိပြီး စနိုက်ပါသမား သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အရပ်သား ၁ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတဲ့ ခလရ ၅၀ တပ်က စနိုက်ပါ ကြည်ဝင်းဆိုသူ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး နေရာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ငလျင်ဘေးသင့်နေချိန် အတင်းကျပ်စုဆောင်းထားသည့် တပ်သားများဖြင့် စစ်ကောင်စီ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်လှစ်

နိုင်ငံတစ်၀န်း ငလျင်ဘေးသင့်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ရမယ့်အစား အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်ပွဲကို တိုင်းစစ်ဌာနချုပ် အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

မိုင်းလုံမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါးနှင့် အမျိုးသမီး (၁)ဦးသေဆုံး၊ သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါးနှင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါးနဲ့ အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။