တိုင်းပြည်ကို လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် AI နည်းပညာနဲ့ တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးမှာ အသုံးချရမယ်လို့ ပြောကြားလိုက်ပါတယ်။

မနေ့က မတ် ၄ ရက်ညပိုင်းက ရုရှားနိုင်ငံမှာ စစ်ကောင်စီရဲ့ အစီအစဉ်နဲ့  ပညာတော်သင်ရောက်ရှိနေတဲ့ စစ်ဖက်၊အရပ်ဖက်ဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ်မှာ မင်းအောင်လှိုင်ကပြောကြားလိုက်တာပါ။

ရုရှားကို ရောက်နေတဲ့ စစ်ဘက်၊အရပ်ဖက်သင်တန်းသားအရာရှိတွေကို AI နဲ့ပတ်သတ်ပြီး လေ့လာမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။

လက်ရှိမှာ နည်းပညာခေတ်ဖြစ်ပြီး AI ခေတ်အထိရောက်ရှိနေပြီဖြစ်ကာ နိုင်ငံတိုင်းဟာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိတာကြောင့်နည်းပညာနှင့်ပတ်သက်ပြီး နောက်ကျကျန်မနေဖို့ ကြိုးပမ်းအားထုတ်ဖို့ လိုကြောင်း မင်းအောင်လှိုင်က ဆိုပါတယ်။

လက်ရှိ ရုရှားနိုင်ငံကို ပညာတော်သင်များစေလွှတ်မှုမှာ သာမန်ထက်ထူးချွန်သူများကိုရွေးချယ်၍ ပညာတော်သင်များစေလွှတ်ခြင်းဖြစ်ကာ ပညာသင်ကြားရေးသာမက ရုရှားဘာသာစကားတတ်မြောက်ရေးအတွက်လည်း အခြေခံများသင်ကြားပြီးမှ ရုရှားနိုင်ငံကို ပို့ဆောင်တာလို့ မင်းအောင်လှိုင်ကပြောပါတယ်။

ရုရှားနိုင်ငံကို အာဏာသိမ်းစစ်တပ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်လက်နက်နဲ့နည်းပညာအတွက် ပညာတော်သင်စေလွှတ်မှုက အရေအတွက်အမြောက်အမြားစေလွှတ်ခဲ့တာပါ။

AI နည်းပညာနဲ့ပတ်သက်ပြီးလည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မကြာခဏ ပြောကြားလေ့ရှိပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၄ အတွင်း စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိ အပါအဝင် ၄၇၅ ယောက် အလင်းဝင်ခဲ့တယ်လို့ NUG ပြော

အကြမ်းဖက်စစ်တပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွင်း အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်  ၄/၂၀၂၄ မှာ ပြောဆိုခဲ့ပါတယ်။
Read More

ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု နဲ့ CDF တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား… ပစ်ခတ်မှုအတွင်း CDF တပ်သားတစ်ဦး ကျဆုံး၊ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းဆီးရမိ…

“ အဲဒီ စကစ စစ်ကောင်စီစစ်ကြောင်း ချင်းတောင်တန်းဘက်ကို လာထိုးတဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်တာပါ၊ ကျသွားတဲ့ ရဲဘော်က ၂၇ ရက်တိုက်ပွဲမှာ ကျသွားတာပါ ၊ ဒီနေ့မှာတော့ သဂြိုဟ်ပေးလိုက်ပါပြီ ” လို့ ချင်းတော်လှန်ရေးတပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်သည်အထိ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကတိပြု

နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။
Read More

တနင်္သာရီမှာ ကာလရှည်စစ်ပွဲအတွက် ပြည်သူတွေ ကြိုတင်ပြင်ဆင်ဖို့ BLACK Cobra Column ထုတ်ပြန်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း KNLA တပ်ရင်း (၁၁) နယ်မြေကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှာ ဖြစ်တဲ့အတွက် စစ်ပွဲကာလ ကြာရှည်နိုင်တယ်လို့ BLACK Cobra Column က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီတပ်သားအချို့ မူးယစ်ဆေးဝါး သုံးစွဲမှသာ စစ်တိုက်နိုင်တယ်လို့ ဝန်ခံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တံ အခမ်းအနားကို ဒေသခံပြည်သူတွေနဲ့အတူ တက်ရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သလို ပြည်သူ ၁ ဦးလည်း စစ်တပ်လက်နက်ကြီးကြောင့် သေဆုံးခဲ့ဟု ဗမာ့တပ်တော် ထုတ်ပြန်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ၂ ရက်တာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိသလို ပြည်သူ ၁ယောက်လည်း သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ပါတယ်။