ရုရှားအနေနဲ့ သူတို့ရဲ့ ရွှေ့ပြောင်းလုပ်သားအရင်းအမြစ်တွေကို ဆိုဗီယက်နိုင်ငံဟောင်းတွေအပြင် မြန်မာအပါအဝင် အာရှနိုင်ငံတွေအထိ ချဲ့ထွင်ချင်ကြောင်း ရုရှားစီးပွားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Interfax သတင်းဌာနက မတ်လ ၄ ရက်မှာ ဖော်ပြပါတယ်။

အလုပ်လက်မဲ့ ၂.၃% စံချိန်တင်နိမ့်ကျလာတာကြောင့် သမ္မတပူတင်က လုပ်သားရှားပါးမှုပြဿနာကို အာရုံစိုက်နေခဲ့သလို ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ရုရှားသံမဏိကုမ္ပဏီ Severstal ကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ရွှေ့ပြောင်းအလုပ်သမားတွေကို တားမြစ်ထားတဲ့ ဒေသဆိုင်ရာအရွေ့ကို ဝေဖန်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် ရုရှားရဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ ယခင်ဆိုဗီယက်ယူနီယံက နိုင်ငံသားတွေဖြစ်ကြပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးကိစ္စတွေအတွက် ရုရှားရဲ့ ပြင်းထန်တဲ့ လူသစ်စုဆောင်းမှုတွေက အရပ်ဘက်လုပ်ငန်းတွေကနေ လုပ်သားတွေကို ထွက်ခွာသွားစေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလကစလို့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်အတွင်း စစ်မြေပြင်ကို တပ်သားတွေ သောင်းချီ စေလွှတ်ခဲ့တာကြောင့်လည်း သိန်းနဲ့ချီတဲ့ ရုရှားနိုင်ငံသားတွေဟာ နိုင်ငံကနေ ထွက်ခွာခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင် တွေ့ဆုံစဉ် (ဓာတ်ပုံ REUTERS)

ရုရှားအနေနဲ့ ရွှေ့ပြောင်းသူတွေ လာဖို့ အရင်တုန်းက ဆွဲဆောင်လေ့ရှိတဲ့ နိုင်ငံတွေကသူတွေ လာအောင်ကို ပုံမှန်ဆွဲဆောင်သင့်တာမဟုတ်ဘဲ လုပ်သားအရင်းအမြစ်တွေကို တက်တက်ကြွကြွ၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ သတိရှိရှိ တင်ပို့နေတဲ့ တခြားကမ္ဘာ့နိုင်ငံသစ်တွေကိုလည်း တိုးချဲ့ပြီး ဆွဲဆောင်သင့်တယ်လို့ စီးပွားရေးဝန်ကြီး Maxim Reshetnikov က ရုရှားအောက်လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်လူဦးရေ ၅၅ သန်းထဲမှာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူ ၆ သန်းခန့် ရှိကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားအနေနဲ့ မြန်မာနိုင်ငံနဲ့လည်း ဆွေးနွေးပြီးဖြစ်ကြောင်း Reshetnikov က ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ပူတင်ဟာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကရင်မလင်နန်းတော်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ မော်စကိုခရီးစဉ်အတွင်း မြန်မာနဲ့ ရုရှားနှစ်နိုင်ငံအကြား နျူကလီးယားစက်ရုံ တည်ဆောက်ရေးအပါအဝင် သဘောတူညီချက်တွေနဲ့ နားလည်မှုစာချွန်လွှာ (၁၀) ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။

မူရင်းသတင်း – Russia wants migrants from new countries to help plug labour shortage, Interfax reports

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် စတင်၊ မတ်လ ၄ ရက်နေ့တွင် ပူတင်နှင့် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်အဖြစ် ဒီနေ့ မတ်လ ၃ ရက်မှာ နေပြည်တော်လေဆိပ်ကနေထွက်ခွါသွားပြီ ဖြစ်ပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများမှ ကယ်ထုတ်လာသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ထဲက ပထမအသုတ် ၅၀ ကို ထိုင်းမှတဆင့် တရုတ်ထံ လွှဲပြောင်း

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို စတင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
Read More

ကိုးကန့်သူဌေး မြီမိသားစုဝင်များအပါအဝင် ၁၁ ဦးကို တရုတ်တရားရုံး သေဒဏ် အမိန့်ချ၊ အခြား ၅ ဦးကို ၂ နှစ်ဆိုင်းငံ့ သေဒဏ် ချမှတ်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် ဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မြီမိသားစုတွေအပါအဝင် ဂိုဏ်းသား ၁၁ ယောက်ကို တရုတ်က သေဒဏ် ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု အသုံးတော်ခံ လက်နက်ပွဲစားနှင့် လုပ်ငန်းအချို့ကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှ ပယ်ဖျက်

အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ထားတဲ့ အကြမ်းဖက်စစ်အုပ်စုအသုံးတော်ခံ ခရိုနီတွေဖြစ်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၄ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို စီးပွားရေးပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်လိုက်‌ကြောင်း ဇူလိုင်လ ၂၄ ရက် မနေ့က ထုတ်ပြန်ထားတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။
Read More

စစ်ကောင်စီလက်ထက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ စိတ်ကူးလို့တောင်မရဟု အမေရိကန်သံတမန် ပြော

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာဖို့ လက်ရှိမှာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ အမေရိကန်သံတမန်တဦးက အောက်တိုဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ထုတ်ပယ်ခံရပြီး သူမ၏  အစိုးရအဖွဲ့ပါ ဖျက်သိမ်းခံရ

ဟွန်ဆင်နဲ့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်ပေါက်ကြားမှုကြောင့် တရားရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာကို အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဩဂုတ်လ ၂၉ ရက်မှာ အမိန့်ချလိုက်ပါတယ်။