အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီချက် (၁၀) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

မြန်မာနိုင်ငံမှာ စွမ်းအင်အနည်းငယ်နဲ့ လည်ပတ်နိုင်တဲ့ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေးနဲ့ ပတ်သတ်တဲ့ အခြေခံမူများဆိုင်ရာသဘောတူညီချက်၊ အဏုမြူနဲ့ ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေး နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

စစ်ရေးလေ့လာသူတွေကတော့ စစ်လက်နက်နဲ့ လေယာဉ်ဆီ ဝယ်ယူရေးကိစ္စတွေလည်း ပါဝင်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုလျက် ရှိပါတယ်။

တဆက်တည်းမှာပဲ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရုရှားကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီမှုတချို့လည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ရုရှားနဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေရှိနေပေမယ့် နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အောင်မြင်နေတဲ့အပြင် အပြန်အလှန်ကုန်သွယ်မှုတွေလည်း တိုးလာနေကြောင်း ရုရှားဝန်ကြီးချုပ် မီးခေးလ် မစ်ရှုစတင်က ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အသတ်ခံရသည့် ဘီလာရုစ်မော်ဒယ် ထိုင်းကနေ အတင်းခေါ်သွားခံရခြင်းမဟုတ်၊ ထိုင်းရဲ့ လုပ်ပိုင်ခွင့်မဟုတ် ဟု ထိုင်းအာဏာပိုင် ပြောဆို

ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ ဘီလာရုစ်နိုင်ငံသူ မော်ဒယ်တယောက်ဟာ မြန်မာပြည်ကို အတင်းအကျပ် ခေါ်သွားခံခဲ့ရပြီး ငွေလိမ်ဂိုဏ်းတွေက သတ်ဖြတ်ကာ ကိုယ်အင်္ဂါတွေ မှောင်ခိုရောင်းချခံခဲ့ရတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ မဟုတ်မမှန်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဘက်က ငြင်းဆန်ထားပါတယ်။
Read More

One Friday Fight ပွဲစဉ်တွေမှာ မြန်မာလက်ဝှေ့ကစားသမား ၅ယောက်အထိပါဝင်မယ်

ဩဂုတ်လ ၂၃ ရက် ဒီနေ့ညမှာ ကျင်းပမယ့် One Friday Fight 76 ပွဲစဉ်တွေထဲမှာ မြန်မာကစားသမား ၅ ယောက် ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
Read More

ထိုင်းယာယီဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်ကို တောင်းဆိုထား

ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ် ရာထူးကနေ ဖယ်ရှားခံရပြီးနောက် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဖွေထိုင်းပါတီက ဖူထန်ဝေချာယာချိုင်းက အောက်လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင်ဆီ တောင်းဆိုထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
Read More

နယ်စပ်တလျှောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်ကာ မြန်မာတိုက်ပွဲကို စောင့်ကြည့်နေ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထိုင်းစစ်တပ်က ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း သိရပါတယ်။
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။
Read More

ဆယ်စုနှစ်များစွာ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်ကောင်စီကို အမြန်ဆုံး အရေးယူပေးဖို့ ကုလစင်မြင့်မှာ တောင်းဆို

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို  ဥပဒေရှေ့မှောက်မှာ တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ အရေကြီးအဆိုကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလစင်မြင့်မှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။