ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယောတပ်တော် (Yaw Army) နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ယောတပ်တော် (Yaw Army) က မတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

တော်လှန်ရေးရဲ့ တဖြည်းဖြည်း ခက်ခဲကြမ်းတမ်းလာတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းကာ လွတ်မြောက်မှုကို လက်တွေ့ကျကျဖော်ဆောင်ရေးအတွက် ယောဒေသတွင်း တော်လှန်ရေးတပ်တွေ ပိုမိုရင်ဘတ်ချင်းနီးပြီး ကျောချင်းကပ်ကြရမယ့် အချိန်ဖြစ်လို့ အခုလို ပေါင်းစည်းလိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နဲ့  ယောတပ်တော် (Yaw Army) တို့ ပေါင်းစည်းရေးအတွက် ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လက်ရှိအချိန်မှာ တပ်တစ်ခုတည်းအဖြစ် အတူတည်ဆောက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ယောတပ်တော်အနေနဲ့ ဒေသတွင်း ယောတော်လှန်ရေးတပ်ဖွဲ့တွေ၊ အင်အားစုတွေနဲ့ ပေါင်းစည်းထားနိုင်ပြီ ဖြစ်သလို တစ်ခုတည်းသော ယောတပ်တော်အနေနဲ့ နွေဦးတော်လှန်ရေးရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချ ရေးအပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ယော ဆိုတဲ့ ဝိသေသလက္ခဏာကို ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးပါတယ်။

လက်တွေ့ကျတဲ့ စစ်ရေး၊ နိုင်ငံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အကောင်အထည် ဖော်ဆောင်ရာမှာ မိမိတို့တပ်ဖွဲ့နာမည်နဲ့ ဆက်လက်တည်ရှိဖို့ မလိုအပ်တော့ကြောင်း ယုံကြည်တယ်လို့ Yaw Army နဲ့ ပူးပေါင်းမယ့်  YPDF တပ်ဖွဲ့ကလည်း မတ်လ (၂) ရက်နေ့မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့်  ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်မှာ တပ်ဖွဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၂/၂၀၂၅) ဆုံးဖြတ်ချက်အရ တပ်ဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဟာ  ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက စတင်ပြီး စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ယောဒေသ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီး တိုက်နယ်ဆေးရုံကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၍ ဆရာဝန်တစ်ဦးအပါ သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံကို စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်လို့ ဆရာဝန်တစ်ယောက်အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူနဲ့ မြိုင်အစပ်က ကျေးရွာတွေကို အထိနာနေတဲ့ စစ်အုပ်စု စစ်​ကြောင်းဝင်နေလို့ ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းဝင်မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
Read More

ပြည်ပကနေ ပြန်ပို့ခံရတဲ့ စစ်မှုထမ်း စုဆောင်းခံရသူ (၂)ဦး မြိတ် ပကဖ ကို လာရောက်ခိုလှုံ…

ပြည်ပကနေ ပြန်ပို့ခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့အထဲ ပါဝင်ခဲ့သူ ၂ ယောက်က လာရောက်ခိုလှုံလာတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက် LPDF ဆီ လက်နက်မဲ့ အလင်းဝင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) က ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့မှာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့အတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့ (MPRT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁) မှ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ် ၏ ဈာပနအခမ်းအနား

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁)၊ တပ်ခွဲ ၂ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ်ဟာ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း ဇူလိုင်လ ၂၀ ရက်က ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။