စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် တော်လှန်ရေးအင်အားစုဖြစ်တဲ့ ယင်းမာပင်မြို့နယ် ပကဖ (လက်ရုံးတပ်) ULF စစ်ကြောင်းထံကို ပြည်သူ့စစ် လူငယ် ၃ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက် ခိုလှုံလာခဲ့တယ်လို့ ULFစစ်ကြောင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ လူငယ် ၃ယောက်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းရာမှာ ပေါ်တာဆွဲဖမ်းဆီးခံရကာ ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်လာပြီးတဲ့နောက် ULF စစ်ကြောင်းထံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ခိုလှုံလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“၃ယောက်လုံးက ပေါ်တာဆွဲခံရတဲ့ ကလေးတွေပါ။  လောလောဆယ်တော့ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်ဗျ။ သူတို့စိတ် သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အလင်းဝင်လာတဲ့အတွက် ကျနော်တို့က နွေးထွေးစွာကြိုဆိုပါတယ်။ နောက်ပိုင်းကျရင်တော့ မိသားစုနဲ့ တွေ့ဆုံဖို့တွေပါ စီစဥ်ပေးဖို့ရှိပါတယ်” လို့ ULF စစ်ကြောင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် အလင်းဝင်လာတဲ့ လူငယ် ၃ယောက်ကို တစ်ယောက် ကျပ်သိန်း (၃၀) စီ ချီးမြှင့်ထားတယ်လို့ သိရပါတယ်။

“အလင်းဝင်လာတာ လူငယ်တွေသုံးဦး၊ MA1 ၃လက်၊ ကျည်ဘောက် ၅ဘောက်နဲ့ နှုတ်ခမ်းနီအတောင့် ၃၀၀ ကျော်နဲ့ ULF ထံ အလင်းဝင်လာတာပါ။ နောက်ထက်ဝင်မယ့် ကလေးတွေရှိသေးလို့ ဘယ်နေရာက ဝင်တာ နာမည်နဲ့တော့ ပြောလို့မရသေးပါဘူး။” လို့ ULF စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ အရာရှိအဆင့် ဗိုလ်မှူး (၁) ယောက်အပါအဝင် တပ်သားနဲ့ရဲ (၆၄) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သီးလုံးကျေးရွာ ပျူစောထီးစခန်းကို RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက သီးလုံးကျေးရွာက ပျူစောထီးဘန်ကာစခန်းကို RPG ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အမျိုးသမီးများကို မုဒိမ်းကျင့်ပြီး ထွက်လာသည့်စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီးထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ မတ္တရာမြို့နယ်ပကဖဆီက သိရပါတယ်။
Read More

မန္တလေးငလျင်ကြီးဟု အတူတူ ခေါ်ဝေါ်ကြဖို့ ဇော်မင်းထွန်း ပြော

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ ငလျင်ကြီးနဲ့ ပတ်သက်ပြီး ခေါ်ဝေါ် ရည်ညွှန်းရာမှာ မန္တလေးငလျင်ကြီးလို့ သုံးနှုန်းကြဖို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

ကလေးမြို့နယ် ကြံသာကျေးရွာတိုက်ပွဲအတွင်း ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမား ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာတိုက်ပွဲအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Ranger Kalay Defense Force တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကိုဖျက်သိမ်းပြီး ယောတပ်တော် (Yaw Army) နှင့် ပေါင်းစည်းကာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်သွားမည်

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယောတပ်တော် (Yaw Army) နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ယောတပ်တော် (Yaw Army) က မတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေနံချောင်းမှာ ၁၈ ရက်ကြာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် မိုင်း ၂ ခါဆွဲခံရပြီး ၇ ယောက် သေဆုံး…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ကျေးရွာတွေထဲ ၁၈ ရက်ကြာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး အများအပြားထိခိုက်သွားတယ်လို့ TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။